Tuesday, April 12, 2011

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲ(တိုကျို)






၂၀၁၁၊ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူး၍ SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ငလျင်နှင့်ဆူနာမီဒဏ်ကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ရသူများအား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာ သာသနာပြုဆရာမနှင့် အစ္စလာမ်ဘာသာမှ ဘာသာရေးဆရာတို့မှ မိမိတို့၏ သက်ဆိုင်ရာဘာသာအသီးသီး အလိုက် ဆုတောင်းမေတ္တာပို့၊ အမျှဝေခြင်းများကို ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ ငလျင်စတင်ဖြစ်ပွားခဲ့သည့် အချိန်ဖြစ်သော ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ၄၆မိနစ် မှစတင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူအားလုံးမှ မတ်တပ်ရပ်ကာ ငြိမ်သက်စွာ ဦးညွတ်ခြင်းကို (၂)မိနစ်တိတိပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း အသီးသီးမှ သော်လည်းကောင်း၊ တစ်ဦးခြင်း အလှူရှင်များ အနေဖြင့်သော်လည်းကောင်း အလှူငွေများ ပါဝင် လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်း အလှူငွေ(၁.၄၄၁.၀၀၀)ယန်း လက်ခံရယူခဲ့ပါသည်။ ဧပြီလကုန်ပိုင်းအထိ အလှူငွေများကို လက်ခံရယူသွားမည်ဖြစ်ပြီး ဂျပန် ငလျင်နှင့် ဆူနာမိ ဘဏ္ဍာရေးကော်မတီမှ ကောက်ခံရရှိသည့် ငွေစာရင်းများကို မကြာမှီတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
ယခုရရှိခဲ့သော အလှူငွေများကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်၊Network for Democracy in Burma(NDB)မှ ဦးစီး၍ ကောက်ခံရရှိသည့် မြန်မာနိုင်ငံသားများတို့၏ အလှူဖြစ်ပြီး ငလျင်နှင့် ဆူနာမိ ဒဏ်ခံစားနေရသော နေရာများသို့ မြန်မာများ ကိုယ်စား တိုက်ရိုက် သွားရောက် လှူဒါန်းရန်  အစီအစဉ်များ ပြုလုပ် လျက်ရှိကြောင်း သိရပါသည်။
ဂျပန်အရှေ့မြောက် ငလျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှလည်း  ဝမ်းနည်းခြင်း အထိမ်းအမှတ်တခုကို ပြုလုပ်ခဲ့ရာ  ထိုဝမ်းနည်းခြင်း အခမ်းအနားတွင် ငလျင်နှင့် ပတ်သက်သည့် ဆုတောင်း မေတ္တာပို့ခြင်း၊ အားပေးခြင်း စသည်များကို ရေးသား ဖွဲ့သီခဲ့ကြသော ကဗျာများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေကာ ယနေ့ ဂျပန်နိုင်ငံတွင် ပြုလုပ်သော အခမ်းအနား၌ ရောင်းချ ခဲ့ပါသည်။ ကဗျာစာအုပ် ရောင်းချငွေ စုစုပေါင်းယန်း(၅)သောင်းကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းNLD အဖွဲ့သားများကိုယ်စားNDB မှတဆင့် မြန်မာနိုင်ငံသားများတို့၏ စုပေါင်းအလှူတွင် ထည့်ဝင်လှူဒန်းခဲ့ကြောင်း  သိရပါသည်။
ထို့နောက်တွင် အဆိပါ ကဗျာစာအုပ်မှ ကဗျာများကို တစ်ဦးချင်းစီ ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရပါသည်။
 
သတင်းမှတ်တမ်း။ Aye Nandar Aung/ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum
ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများတို့၏ အလှူငွေစာရင်း


ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း အသီးသီးမှ သော်လည်းကောင်း၊ တစ်ဦးခြင်း အလှူရှင်များ အနေဖြင့်သော်လည်းကောင်း ပါဝင် လှူဒါန်းခဲ့ကြပြီး ဧပြီလ (၁၀)ရက်နေ့အထိ စေတနာအလှူရှင် မြန်မာနိုင်ငံသားများထံမှ စုစုပေါင်း အလှူငွေ (၁.၄၄၁.၀၀၀)ယန်း လက်ခံ ရယူခဲ့ပါသည်။
ဧပြီ လကုန်ပိုင်းအထိ နောက်ဆုံထား၍ အလှူငွေများကို လက်ခံ သွားမည်ဖြစ်ပြီး ဂျပန် ငလျင်နှင့် ဆူနာမိဒဏ်သင့် ဒေသရှိ ဂျပန်ပြည်သူများထံသို့ တိုက်ရိုက် သွားရောက်ပေးပို့လှူဒန်း သွားမည် ဖြစ်ပါသည်။
ဘဏ္ဍာရေးတာဝန်ခံအဖွဲ့
ငလျင်နှင့်ဆူနာမိဘေးသင့်ဒေသများရှိ 
                               ဂျပန်လူမျိုးများအတွက် အလှူငွေစာရင်း
 
စဉ်
               အမည်
အလှူငွေ (ပမာဏ) ယန်း
1
S.S.N.D
    78,000
2
အလင်းအိမ်
    45,000
3
P.N.S
    10,000
4
K.N.C.D (LA-Jp)
    30,000
5
F.W.U.B.C
    10,000
6
H.R.W.U.B
    15,000
7
F.T.U.B
     5,000
8
K.N.U (Jp)
   100,000
9
C.N.C
    20,000
10
Peaceful Burma
     5,000
11
A.B.F.S.U (FAC-Jp)
    11,000
12
D.P.N.S
    15,000
13
B.P.D.F
    18,000
14
B.R.S.A
   200,000
15
ဂျပန်ရောက်ရခိုင်တိုင်းရင်းသားများ
   122,000
16
B.D.A
   150,000
17
L.D.B
   250,000
18
ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နှင့် မြန်မာပြည်သူ၊ ပြည်သားများ
    50,000
19
I.B.M.O
    15,000
20
P.M.N.S
    50,000
21
B.C.Jp
    10,000
22
D.F.B
    50,000
23
ကိုစသောင်းဝင်း
     1,000
24
ကိုကျော်ဆွေဦး+နော်ဆန်းရင်မိုး
    10,000
25
ကိုအောင်ဟိန်း+မရှိုးမမ
     1,000
26
ကိုတင်အောင်စိုး
     3,000
27
ကိုရန်အောင်+မဇင်မာသောင်း
     5,000
28
နန်းခင်ချိုဦး
     5,000
29
ခွန်းဆင့်ဝေ
     1,000
30
ကိုမြင့်လွင်+မမေလွင်စိုး
10,000
31
ဦးဝင်မောင်
     1,000
32
ကိုကျော်ဟန်
10,000
33
ကိုမျိုးမင်း
 5,000
34
ဦးဂိုခန့်လျှံ+ဒေါ်သန်းသန်းအေး မိသားစု
10,000
35
မမိုးနှင်းထွန်း
 5,000
36
ကိုအုန်းကျော်ဖြိုး
 5,000
37
မနှင်းယုလွင်
 5,000
38
ကိုမျိုးဇော်
 3,000
39
ဒေါ်အေမီဆွေ
10,000
40
ကိုဝင်းအောင်
10,000
41
မလဲ့လဲ့+မဖြူ
 5,000
42
ကိုမျိုးမြင့်ဆွေ
 1,000
43
ကိုစိုးတင့်
 1,000
44
ကိုအောင်ဝင်းမြင့်
 3,000
45
ကိုယဉ်မျိုးလှိုင် (B.C.Jp)
10,000
46
ကိုသိန်းဝင်း
 3,000
47
ကိုကြည်စန်း
10,000
48
ကိုတင်လှိုင်
 5,000
49
ကိုကျော်နိုင် (B.D.A)
 5,000
50
ကိုမင်းကိုကို
 3,000
51
ကိုလွင်အောင်စိုး
 2,000
52
မယဉ်မေသောင်း
 1,000
52
L.W ဂျာဝမ်း
 2,000
53
ကိုတိုးကြည်ဆွေ+မဂျူဒီအန်း
10,000
54
ကိုတင်အောင်+မမီမီကျော်
10,000
55
ကိုထွန်းထွန်းဦး+မချိုချိုမြင့်
 5,000
56
ကိုနေအောင်
 3,000
57
ကိုသန်းဝင်း
 3,000

           စုစုပေါင်း
1,441,000
 
ဘဏ္ဍာရေးတာဝန်ခံအဖွဲ့
 
ကိုမိုင်ကျော်ဦး           မလေးလေး
ကိုရဲငြိမ်း               မနော်အဲမူ    

No comments:

Post a Comment