အလင်းအိမ် (၅) နှစ်ပြည့် အထိမ်းအမှတ်
ဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား
Otsuka,Minami Hall, Room (1),Tokyo
(8.5.2011)
ဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား
Otsuka,Minami Hall, Room (1),Tokyo
(8.5.2011)
အလင်းအိမ် (၅) နှစ်ပြည့် အထိမ်းအမှတ် ဝတ္တူတိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကို ယနေ့ ညနေ ၅ နာရီတွင် Otsuka, Minami Hall, Room (1) တွင် ကျင်းပရာ စာပေအဖွဲ့အစည်းများ ဖြစ်ကြသော
ဖန်မီးအိမ် ဖောင်ဒေးရှင်း၊ ရွှေရတုစာစောင်၊ မိုးသောက်ကြယ်စာကြည့်တိုက်နှင့်နိုင်ငံရေးပါတီအသီးသီးမှ
ပုဂ္ဂိုလ်များနှင့် တသီးပုဂ္ဂလ စာပေဝါသနာရှင်များ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
အခမ်းအနားတွင် အလင်းအိမ် တာဝန်ခံ ဦးရဲငြိမ်း မှ အဖွင့်အမှာစကားပြောကြားပြီး
အလင်းအိမ်မဂ္ဂဇင်းဖြစ်တည်မှုသမိုင်းအကျဉ်းအား တင်ပြပြောဆိုခဲ့ပါတယ်။
အလင်းအိမ်မဂ္ဂဇင်းဖြစ်တည်မှုသမိုင်းအကျဉ်းအား တင်ပြပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ကြွရောက်ချီးမြှင့်ကြသောအဖွဲ့အစည်းအသီးသီးမှအလင်းအိမ်အပေါ် အကြံပြုခြင်း၊ ဝေဘန်ခြင်း နှင့် အမှာစကားများပြောကြားခဲ့ရာဖန်မီးအိမ် ဖောင်ဒေးရှင်းမှ ကိုသန်းဆွေ (မြေနီကုန်း)၊ ရွှေရတုစာစောင်မှ ကိုမြသိန်း၊ မြန်မာ့မျိုးချစ်ဒီမိုကရက်တစ်အင်အားစု(BPDF)မှကိုမင်းထက်ဇော်၊ မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ် (LDB) မှ ကိုအောင်ထွန်းလင်း၊ ဒမဖ မှ ကိုကိုအောင်၊ BDAမှကိုသန်းဆွေ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲမှ NLD (La)jp မှကိုလှဟန်၊ မိုးသောက်ကြယ်စာကြည့်တိုက်မှ ကိုစိုးဝင်းရှိန်တို့ မှ ဝေဖန်၊ အကြံပြု၊အမှာစကားများ
ပြောကြားခဲ့ပါတယ်။
အစီအစဉ်အရ ဝတ္တုတိုပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကို အလင်းအိမ် အမှုဆောင်အယ်ဒီတာတဦးဖြစ်သူ ဦးခင်မောင်ဇော် (လေးလေးအို ဥဿာမြေ)မှ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့ နောက် ဆုပေးပွဲအစီအစဉ်ကို ကိုစတင်ကာ အလင်းအိမ် ဝတ္တုတိုပြိုင်ပွဲတွင်ဆုရရှိသူများဖြစ်သော ပထမဆုရှင် ကောသား (မင်းမင်းသိန်း)၊ ဒုတိယဆုရှင် လေးလေး-တိုကျို (မလေးလေး) တို့မှ ဆုကိုလက်ခံယူပြီး ဆုရဝတ္တုအပေါ်ခံစားမှု အကျဉ်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး တတိယဆုရှင် ဘိုကြည်- ထိုင်း (ကိုဘိုကြည် AAPP)ကိုယ်စား ကိုဇော်ဇော်လှိုင် က လက်ခံယူပြီး၊ နှစ်သိမ့်ဆုရှင် သီတာအောင် (ဂျပန်)က ဆုကိုလက်ခံရယူကာ ဆုရဝတ္တုအပေါ်ခံစားမှု အကျဉ်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါတယ်။
ထို့ နောက် တတိယ ဆုရှင် ကိုဘိုကြည် AAPP (ထိုင်း) မှ ပေးပို့ သော သဝဏ်လွှာကို မခိုင်ကြည်ဝင်းမှ ဖတ်ကြားပါတယ်။
ထို့ နောက် အလင်းအိမ် တာဝန်ခံ ဦးရဲငြိမ်းမှ နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီးနောက် အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါတယ်။
သတင်း၊ ဓါတ်ပုံ၊ ဗီဒီယို ။ ။Aye Thike and Arr Thit Mon
No comments:
Post a Comment