Wednesday, June 22, 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ 
(၆၆) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် 
ဂျပန်ငလျှင်နှင့် ဆူနာမီဘေးဒဏ်သင့် ဒေသသို့
စေတနာအလှုနှင့် လုပ်အားပေး ခရီးစဉ် 
(၁၉ ၊ ၆ ၊ ၂ဝ၁၁)




















၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ (၆၆) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် စေတနာအလှုနှင့် လုပ်အားပေး ခရီးစဉ် အဖြစ် ဂျပန်ရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ ဂျပန်ငလျှင်နှင့် ဆူနာမီဘေးဒဏ်သင့် ဒေသ  Miyagi Kan, Ishinomaki သို့သွားရောက်၍ ငလျှင်ဘေးခဏ်သင့် ဒုက္ခသည် ၆ဝဝ ခန့်ကို အစားအသောက်များဖြင့် ချက်ပြုတ် လှုဒါန်းခဲ့ကြပြီး လုပ်အားပေးအဖွဲ့တို့မှလည်း shinomaki-shi  Kitakami-Machi Aikawa-chiku ဒေသတွင် တနေ့တာ လုပ်အားဒါန ပေးလှုခဲ့ကြပါသည်။ ထိုခရီးစဉ်တွင်
ဂျပန်ရောက်မြန်မာနိုင်ငံသားများ အင်အား ၁၅၉ ဦးလိုက်ပါခဲ့ကြပါသည်။
သတင်း။    ။ အလင်းအိမ်
ဓါတ်ပုံ။    ။  Aye Thike and Ko pour

No comments:

Post a Comment