Sunday, June 19, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ 
(၆၆)နှစ်မြောက် မွေးနေ့နှင့် 
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနား
ဖူဂျီ ငြိမ်းချမ်းရေးစေတီ (Tokyo)
၁၉၊ ၆ ၊၂ဝ၁၁












နေ့စွဲ  ၁၉ ၊ ၆ ၊၂ဝ၁၁
    ဒီနေ့ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ပွဲကို မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် LDB (ဂျပန်) မှ ကြီးမှုးပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ဂိုတန်းဘ အရပ်ရှိ ဦးနုဘုရား (ဖူဂျီ ငြိမ်းချမ်းရေးစေတီ) သို့ သွားရောက်ပြီး အလှုဒါနပြု ဆုတောင်းပွဲကျင်းပရာတွင် ဂျပန်နိုင်ငံရှိ မြန်မာ နိုင်ငံသားများ အင်အား(၆၆) ယောက် တက်ရောက်ခဲ့ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို  မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် LDB (ဂျပန်) မှ ဒေါ်အောင်ဆန်းစုကြည် အသက် (၆ဝ) ပြည့်မွေးနေ့ မှ စတင်းကျင်းပခဲ့ရာ ယခု (၆၆) နှစ်ပြည့်အထိ စုစုပေါင်း (၇) ကြိမ် ရှိပြီဖြစ်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ဂျပန်ရောက်မြန်မာနိုင်ငံသားများမှ ဘုန်းကြီးကျောင်းများတွင် အလှုဒါနပြုခြင်း၊ စုပေါင်းသွေးလှုဒါန်းခြင်း၊ ငါးလွှတ်ခြင်း၊ ဂျပန်နိုင်ငံ ဆုနာမီ ဒါဏ်ခံရသောနေရာများတွင် သွားရောက်ပြီး သန့်ရှင်းရေး လုပ်အားပေးခြင်း၊ အလှုအတန်းချက်ပြုတ် ကျွေမွေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။ ဖတ်ကြားရသူအပေါင်း သာဓုခေါ်ဆိုနိုင်ကြပါစေ။

သတင်း ၊ ဓါတ်ပုံ ၊ ဗီဒီယို ။    ။လေးလေးအို (ဥဿာမြေ)
   

No comments:

Post a Comment