၂၃ နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ
နှစ်ပတ်လည်အထိမ်းအမှတ် စီတန်းလှည့်လည်ဆန္ဒပြပွဲ
(Minami Gotanda ပန်းခြံမှ အတုအယောင်စစ်အုပ်စုအခွန်ရုံးရှေ့)
(Minami Gotanda ပန်းခြံမှ အတုအယောင်စစ်အုပ်စုအခွန်ရုံးရှေ့)
8.8.2011 (Monday)
TOKYO
TOKYO
မြန်မာပြည်ရဲ့ စီးပွားရေးချွတ်ခြုံကျမှု၊ အုပ်ချုပ်သူများရဲ့ အာဏာရှင်ဆန်မှုတို့ကြောင့် ဖြစ်ပွားလာခဲ့ရတဲ့
၁၃၅ဝ ပြည့် အရေးတော်ပုံလို့ ခေါ်ဆိုနိုင်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ ဒီနေ့ဆိုရင် (၂၃) နှစ်ပြည့်ခဲ့ပါပြီ။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို စတင်ဦးဆောင်ခဲ့သူတွေဟာလည်း မြန်မာပြည်ရဲ့ ကျောင်းသားတွေဖြစ်ခဲ့သလို ပြည်သူတရပ်လုံးရဲ့ ပါဝင်ပူးပေါင်းမှုကြောင့်လည်း မြန်မာ့သမိုင်းမှာ မော်ကွန်းတင်နိုင်ခဲ့သလို ကမ္ဘာကပင် အသိအမှတ်ပြုခံခဲ့ရတဲ့ အရေးတော်ပုံကြီးလည်း ဖြစ်ခဲ့ပါတယ်။
ကျောင်းသားနဲ့ ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ခွပ်ဒေါင်းသွေးတွေနဲ့အတူ ပြည်သူ့သွေးတွေပါ မြေကျခဲ့ကြရတယ်။
ဒီနေ့ (၂၃) နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများပါဝင်တဲ့ စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Gotanda အရပ်ရှိ
Minami Gotanda ပန်းခြံတွင်စုရပ်လုပ်ကာ
နေ့လည် ၂း၃ဝ တွင် အခမ်းအနားကို စတင်ကာ နေ့လည် ၃ နာရီတွင် အတုအယောင် စစ်အုပ်စု အခွန်ရုံးရှေ့သို့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။်ဆန္ဒပြပွဲကို အင်အား (၈ဝဝ) ခန့် ပါဝင်တက်ရောက် ခဲ့ကြပါတယ်။
သတင်း။ ။အလင်းအိမ်
ဓါတ်ပုံ။ ။Aye Thike & ye Myint Aung
ဓါတ်ပုံ။ ။Aye Thike & ye Myint Aung
ဗီဒီယို။ ။Myo kyaw Thein & Myanmar 8888 (maungwto)
No comments:
Post a Comment