Monday, November 21, 2011

၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့
အထိမ်းအမှတ်
စာပေမြတ်နိုးသူများ စာပေဟောပြောပွဲ (ဂျပန်)
၂ဝ၊ ၁၁၊ ၂ဝ၁၁


























၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေမြတ်နိုးသူများ စာပေဟောပြောပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ ikebukuro အရပ်ရှိ  Kokaido-hall  ခမ်းမဆောင်၌ ယနေ့ညနေ ၅ နာရီ ၄ဝ မှ ည ၁၁ နာရီအထိ မြန်မာနိုင်ငံမှ နာမည်ကြီး စာရေးဆရာများဖြစ်ကြသော ဆရာချစ်ဦးညို၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နှင့် ဆရာမ နုနုရည် (အင်းဝ) တို့ လာရောက်ဟောပြောခဲ့ပါသည်။
    ပထမဦးစွာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)မှ 'ပန်းတိုင်ရှိရာ' ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး၊ ဆရာမ နုနုရည် (အင်းဝ)မှ 'ကျွန်မဖြစ်ချင်တဲ့ လူနှစ်ယောက်'
ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ရာ နောက်ဆုံးအနေဖြင့် ဆရာချစ်ဦးညိုမှ 'တကယ်ပြောင်းလဲပြီလား' ခေါင်းစဉ်ဖြင့် စာပေမြတ်နိုးသူများအကြိုက် ပွင့်လင်းစွာ ဟောပြောသွားခဲ့ကြပါသည်။
    ထိုစာပေဟောပြောပွဲကို စာပေမြတ်နိုးသူများ(ဂျပန်) မှ အင်အား (၆ဝဝ)ခန့် တက်ရောက်အားပေးခဲ့ကြောင်း နှင့် ဆက်လက်ပြီး မှတ်တမ်းဗီဒီယို နှင့် အသံဖိုင်များအား ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း။
သတင်း။    ။ အလင်းအိမ်မီဒီယာအဖွဲ့
ဓါတ်ပုံ။    ။ အေးသိုက်၊ ရဲမြင့်အောင်

No comments:

Post a Comment