ကျောင်းသားနိုင်ငံရေးပုံစံနဲ့
ဆက်သွားလို့မရတော့ဘူးဆိုတာကိုတော့
ကျွန်တော်တို့အားလုံးက နားလည်တယ်
(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် တွေ့ဆုံခြင်း)
၂ဝ၁၅ ကို ရည်မျှော်ပြီး
၂ဝ၁၅ ကို ရည်မျှော်ပြီး
ပါတီထောင်မယ်လို့ကြားနေရတယ် အစ်ကို။
ကျွန်တော်တို့ တစ်တွေ
ထောင်ကနေပြန်လွတ်လာပြီး
ကျွန်တော်တို့ တစ်တွေ
ထောင်ကနေပြန်လွတ်လာပြီး
နောက်ပိုင်းမှာ
ဆွေးနွေးဖြစ်ခဲ့ကြတာတွေတော့
ဆွေးနွေးဖြစ်ခဲ့ကြတာတွေတော့
အများကြီးပဲ။ သေချာတာ တစ်ခုကတော့
ဒီအသက်ဒီအရွယ်တွေနဲ့ ကျွန်တော်တို့
နိုင်ငံရေး ဖြတ်သန်းခဲ့တဲ့ကာလကလည်း
အနှစ် ၂ဝ ကျော်ပေါ့။
ဆိုတော့ ကျောင်းသားနိုင်ငံရေး ပုံစံနဲ့တော့ ဆက်သွားလို့
မဖြစ်တော့ဘူးဆိုတာ ကိုတော့ ယေဘုယျပေါ့ ဆွေးနွေးဖြစ်တယ်။
ဒါပေမဲ့ ကျောင်းသားနိုင်ငံရေး မသွားရင်ဘယ်ပုံစံသွားမလဲ ဆိုတာ အကုန်လုံးကလည်း သိနေတယ်။ ကျွန်တော်တို့ကလည်း အရမ်းရှုပ်ထွေးတဲ့ ကာလတစ်ခုကို ကျွန်တော်တို့ ဖြစ်သန်းနေရတယ်။
အကူးအပြောင်းကာလကို တပ်မတော်အနေနဲ့လည်း အရပ်ဖက်အစိုးရကို ပြောင်းဖို့ သူ့ဘက်က လက်ရှိ ရှိနေတဲ့ စစ်အုပ်ချုပ်ရေး၊ စစ်အုပ်ချုပ်ရေး အပြည့်ဖွဲ့စည်းပုံ အခြေအနေကနေ အရပ်ဘက်အုပ်ချုပ်ရေး ပုံသဏ္ဌာန်နဲ့ ရောနေတဲ့ ပုံသဏ္ဌာန်တစ်ခု။ ကျွန်တော်တို့ ဘက်မှာလည်း အဲဒီပြောင်းလဲလာတဲ့ အခြေအနေအပေါ် မူတည်ပြီး ဥပမာ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အချိန်။ ဒါကျွန်တော် တို့ ပြန်လွတ်လာတဲ့ အချိန်ပေါ့။
အဲတော့ နိုင်ငံရေးကွင်းက ပြောင်းနေတယ်။ ပြောင်းနေတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်က အတိမ်းအစောင်း မခံဘူး။ ကျွန်တော်တို့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ပြီးတော့ ဒီနိုင်ငံရေး ကွင်းက အထိုက်အလျောက် ပြောင်း သွားနိုင်တဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ အလျင်စလို မဆုံးဖြတ်ဘူး။ ကျွန် တော်တို့ ညှိနှိုင်းနေဆဲပဲ ဖြစ်တယ်။
ကျွန်တော်တို့ ပြောနိုင်တာတစ်ခုက တော့ ခုနကပြောတဲ့ ကျောင်းသား နိုင်ငံရေးပုံစံနဲ့ ဆက်သွားလို့ မရတော့ ဘူးဆိုတာကိုတော့ ကျွန်တော်တို့ အားလုံးက နားလည်တယ်။ အဲဒီတော့ ရေရှည်ဆက်သွားတဲ့ အခါမှာလည်း နိုင်ငံရေးလုပ်တဲ့အခါမှာ Legal ပလက်ဖောင်း တစ်ခုခုပေါ့။ သဘောက ဥပဒေအရဘောင်ဝင်တဲ့ ပုံသဏ္ဌာန်တစ်ခုခု ဖြစ်အောင်လို့ ကျွန်တော်တို့ ရွေးချယ်သွားရမယ်။
ပုံသဏ္ဌာန်အတိအကျတော့ အခု ပြောလို့မရသေးဘူး။ ဆိုလိုတာက ပြည်ပမှာရှိနေတဲ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့၊ ပညာရှင်တချို့လည်း ပြန်ဝင်လာဖို့ တာစူနေတဲ့ အသံတွေလည်း ကြားရတယ်ပေါ့။ ဆိုတော့ ၈၈-၈၉ ကာလမှာရှိနေတဲ့ ပါတီတွေရဲ့ အခြေအနေ၊ နောက်တစ်ခါ ပါတီတွေဖျက်သိမ်းခံရတာတို့ အချို့လည်း ကိုယ့်ဘာသာကိုယ် ဖျက်ပစ်လိုက်ရတဲ့ အခြေအနေတွေ ကနေပြီးတော့ အခုရောက်လာတဲ့ အခြေအနေက နည်းနည်းသိမ်မွေ့တဲ့ အတွက်ကြောင့် ဘယ်လိုပုံစံနဲ့နိုင်ငံရေးပုံစံ ဆက်သွားမလဲဆိုတာတော့ အခုအချိန်အထိ တရားဝင် ဆုံးဖြတ် ခြင်း၊ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
အခုလောလောဆယ် မပြော နိုင်သေးဘူးဆိုရင် ၂ဝ၁၅ အ တွက်တော့ ယေဘုယျအားဖြင့် ပြောလို့ ရနေပြီပေါ့။
နိုင်ငံရေးဆက်လုပ်ပြီဆိုရင် ကျွန်တော်တို့အသက်အရွယ်တွေနဲ့ တရားဝင်လုပ်တဲ့နိုင်ငံရေး ပုံသဏ္ဌာန်တစ်ခုရှိမယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ကြေညာချက်မှာ ပြော ခဲ့သလိုပဲ ကိုယ်စားပြုဒီမိုကရေစီ လို့ခေါ်တဲ့ လွှတ်တော်ယန္တရားနဲ့ တစ် ဆင့်သွားတာရှိမယ်။ နောက်တစ်ခါ တိုက်ရိုက်ဒီမိုကရေစီဆိုတဲ့ပုံသဏ္ဌာန် တစ်မျိုးလည်း ရှိမယ်။
နိုင်ငံရေးဆက်လုပ်ပြီဆိုရင် ကျွန်တော်တို့အသက်အရွယ်တွေနဲ့ တရားဝင်လုပ်တဲ့နိုင်ငံရေး ပုံသဏ္ဌာန်တစ်ခုရှိမယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ကြေညာချက်မှာ ပြော ခဲ့သလိုပဲ ကိုယ်စားပြုဒီမိုကရေစီ လို့ခေါ်တဲ့ လွှတ်တော်ယန္တရားနဲ့ တစ် ဆင့်သွားတာရှိမယ်။ နောက်တစ်ခါ တိုက်ရိုက်ဒီမိုကရေစီဆိုတဲ့ပုံသဏ္ဌာန် တစ်မျိုးလည်း ရှိမယ်။
အဲဒီတော့ ပြောရင်အခုအချိန်မှာ အရမ်းကြီး သိမ်မွေ့တဲ့အချိန်မို့လို့ ကျွန်တော် ထိန်းပြီးပြောနေတာ။ ဆိုလိုတာက ပါတီနိုင်ငံရေးမဟုတ်ဘဲနဲ့ လုပ်နေတဲ့ နိုင်ငံရေးလည်း ရှိတယ်။ ဥပမာအားဖြင့် အင်ဂျီအိုပဲ။ သဘာဝ ပတ်ဝန်းကျင်လုပ်နေတဲ့ အဖွဲ့အစည်းရှိသလို နိုင်ငံတကာမှာဆိုရင် Civil Right Movement တွေရှိတယ်။ သူက နိုင်ငံသား အခွင့်အရေးတွေကို လုပ်နေတာ။ ပါတီမဟုတ်ဘူး။ နိုင်ငံ ရေးအင်ဂျီအိုတစ်ခုပဲ။ အဲဒီတော့ အင်ဂျီအိုမှာကိုက ပုံသဏ္ဌာန်တွေ အများကြီးရှိတယ်။ နိုင်ငံရေးလုပ်နေတဲ့ အင်ဂျီအိုလည်း ရှိတယ်။ ဒါပေမဲ့ သူကနိုင်ငံရေးပါတီ မထောင်ဘူး။ ရွေးကောက်ပွဲ ဝင်တဲ့ပုံစံမဟုတ်ဘူးဆိုတော့ ရှေ့လျှောက် အရပ်ဖက်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးလာဖို့ဆို တဲ့နေရာမှာ ပုံသဏ္ဌာန်မျိုးကွဲတွေ အများကြီးရှိမယ်။
အဲဒီတော့ နိုင်ငံရေးပါတီဆိုတာလည်း ပုံသဏ္ဌာန်တစ်ခုရှိမယ်။ အဲဒီတော့ နိုင်ငံရေး ပါတီဆိုတဲ့နေရာမှာလည်း တည်ဆဲ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေပေါ့။ ပုံသဏ္ဌာန်တစ်မျိုးနဲ့ ရှိမယ်။ ပါတီအသစ် ဖြစ်ထွန်းလာတဲ့ဟာလည်း ပုံသဏ္ဌာန်တစ်မျိုးနဲ့ရှိမယ်။
နောက် တစ်ခါတစ်ချိန် တုန်းက ပါတီအဖြစ်နဲ့ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းတွေ အကြောင်းကြောင်းကြောင့် မှတ်ပုံပြန်မတင်နိုင်တာ စသည်ဖြင့် ရှုပ်ထွေးနေတဲ့ အခြေအနေကြားထဲမှာ ကျွန်တော် တို့ ဒီ ၈၈ မျိုးဆက် ကျောင်းသားများကို လူထုရဲ့မျှော်လင့်ချက်ကလည်း ရှိတယ်။ ဒီလူတွေဟာ တောက်လျှောက် ဖြတ်သန်းလာခဲ့တယ်။ သူတို့နိုင်ငံရေး လုပ်လာခဲ့တယ် ဆိုတဲ့ ဒီအပေါ်မှာ လူထုရဲ့တုံ့ပြန်မှုအမြင်တွေလည်း ရှိတယ်။ အဲဒါကြီးက တော်တော်ကြီးတယ်လို့ မြင်တယ်။ ဒီတော့ ကျွန်တော်တို့ဆုံးဖြတ်ချက်ကိုပြီး စလွယ် မပြောချင်သေးတာက ကျွန်တော်တို့ဆုံးဖြတ်ချက် တစ်ခုခုဟာ မြန်မာပြည်နိုင်ငံရေးအပေါ်မှာ သက်ရောက်မှုပမာဏ ကြီးလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အတွက်ကြောင့် အခုအချိန်မှာ နိုင်ငံရေးဆက်လုပ်မယ့်သူတွေ ဒီအထဲက ပေါ်လာလိမ့်မယ်။
ပေါ်လာမယ့်သူတွေဟာ အဲဒီ နိုင်ငံရေးကို ဇောက်ချပြီး လုပ်မယ့် အင်အားစုတစ်ခုတော့ ပေါ် လာမယ်။ ဘယ်လိုပုံစံဆိုတာကို ကျွန်တော်တို့ မပြောသေးတာပါ။
ဒေါ်အောင်ဆန်းစုကြည်က ဦးကိုကိုကြီးတို့ကို ပါတီ လမ်းကြောင်းပေါ်တက်မယ်ဆိုရင် NLD ထဲဝင်ဖို့ ကမ်းလှမ်းတယ်။ ဦးကိုကိုကြီးတို့က NLD ထဲမဝင် ဘူး။ ဒါပေမဲ့ NLD ကို ဝန်းရံမယ် လို့ပြောတယ်လို့ သိရတယ်။ ဟုတ်ပါသလား။
ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာနဲ့ပတ်သက်ပြီး ယေဘုယျပဲ သတင်းထုတ်ပြန်တယ်။ ဒီဆွေးနွေးချက် အသေးစိတ်ကို သတင်း ထုတ်ပြန်ဖို့ မရှိပါဘူးဆိုပြီး ပြောခဲ့ တယ်။ ပြီးတော့ ကျွန်တော်တို့ ဒါကို စောင့်ထိန်းရမယ့် ကိစ္စပါ။
ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာနဲ့ပတ်သက်ပြီး ယေဘုယျပဲ သတင်းထုတ်ပြန်တယ်။ ဒီဆွေးနွေးချက် အသေးစိတ်ကို သတင်း ထုတ်ပြန်ဖို့ မရှိပါဘူးဆိုပြီး ပြောခဲ့ တယ်။ ပြီးတော့ ကျွန်တော်တို့ ဒါကို စောင့်ထိန်းရမယ့် ကိစ္စပါ။
၈၈ မျိုးဆက်ကျောင်းသား တွေအနေနဲ့ ပါတီနိုင်ငံရေး လမ်းကြောင်းပေါ် မတက်ဘဲ တရားဝင်ရပ်တည်လို့ရမယ့်နိုင်ငံရေး ပုံသဏ္ဌာန် ရှိပါသလား။ ဘယ်လို ဟာမျိုးလဲ။
အဓိကက ဒီအပြောင်းအလဲက ကြီးတယ်။ ကြီးတော့ ဒီအပြောင်းအလဲကို လောလောဆယ်မှာ အဆုံးသတ်ပေးနိုင်တဲ့ သူကတော့ လက်ရှိအစိုးရအဖွဲ့ တာဝန်ရှိ သူတွေ ဖြစ်နေတယ်။
အဓိကက ဒီအပြောင်းအလဲက ကြီးတယ်။ ကြီးတော့ ဒီအပြောင်းအလဲကို လောလောဆယ်မှာ အဆုံးသတ်ပေးနိုင်တဲ့ သူကတော့ လက်ရှိအစိုးရအဖွဲ့ တာဝန်ရှိ သူတွေ ဖြစ်နေတယ်။
အဲဒီ တော့ သူတို့ ကိုယ်၌ကလည်း ပါတီစုံဒီမိုကရေစီကို ဖော်ဆောင်ဖို့အတွက်မှာ စမ်းပြီးသတိနဲ့ လုပ်နေတယ်လို့ မြင်တယ်။ မြင်တော့ ဘယ်လိုပုံစံနဲ့ ရပ်တည်နိုင်မလဲဆိုတာ သူတို့က ဥပမာအားဖြင့် ပါတီမှတ်ပုံတင်ဥပဒေတို့ အခြားအသင်းဖွဲ့စည်းမျဉ်းတွေရဲ့ ဥပဒေတွေနဲ့ ပတ်သက်တဲ့အခါမှာ ဘယ်လောက် လျှော့ပေါ့ပေးမလဲ။ ဘယ်လောက် ခွင့်ပြုမလဲအပေါ်တွေမှာ ကျွန်တော်တို့ ချိန်ဆရမှာပေါ့လေ။ ပါတီ မဟုတ်တဲ့ အဖွဲ့၊ အဖွဲ့အစည်းတွေဆို ပြည်ထဲရေးမှာ စည်းမျဉ်းဥပဒေတွေနဲ့ မှတ်ပုံတင်ရတယ်။ အဲတော့ ကျွန်တော်တို့ အဲဒီဟာတွေ အကုန်လုံးကို ပြည့်ပြည့်စုံစုံ လေ့လာနေပါတယ်။
သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အထဲမှာ ကျောင်းသား နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး၊ အခြားလူထုနိုင်ငံရေးတွေကိုပဲ စဉ်းစားတဲ့သူ ရှိနိုင်တယ်လေ။ အဲဒီတော့ တရားဝင် ရပ်တည်နိုင်တဲ့ ပုံသဏ္ဌာန် ကိုတော့ ကျွန်တော်တို့ ရွေးသွားမှာပါ။
အချို့ကလည်း ပြောနေကြတယ်။ ရှေ့လျှောက်နိုင်ငံရေးဟာ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ နိုင်ငံရေးခေတ် မဟုတ်တော့ဘူး။ အဲဒီမှာ ဦးကိုကိုကြီးတို့ရဲ့ ပုံသဏ္ဌာန်တစ်ခုက ဘယ်လိုရှိမလဲပေါ့။ အဲဒါကို သိချင်နေတဲ့သူတွေလည်း ရှိတယ်။
အချို့ကလည်း ပြောနေကြတယ်။ ရှေ့လျှောက်နိုင်ငံရေးဟာ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ နိုင်ငံရေးခေတ် မဟုတ်တော့ဘူး။ အဲဒီမှာ ဦးကိုကိုကြီးတို့ရဲ့ ပုံသဏ္ဌာန်တစ်ခုက ဘယ်လိုရှိမလဲပေါ့။ အဲဒါကို သိချင်နေတဲ့သူတွေလည်း ရှိတယ်။
ကျွန်တော်တို့က ရယ်စရာ ပြောရရင်တော့ လမ်းပေါ် နိုင်ငံရေးဆိုပြီး သုံးနှုန်းကြတယ်။ ကျွန်တော်တို့ ဒီလို ပြောင်းဖို့ ဒီအပြောင်း အလဲကြီးကို လမ်းပေါ်နိုင်ငံရေးက စခဲ့တာ။ ကျွန်တော်တို့မှာ အဲဒီအချိန်တုန်းက ဘာပလက်ဖောင်းမှ မရှိဘူး။ မရှိတော့ အကုန်လုံးက လမ်းပေါ်နိုင်ငံရေးနဲ့ စခဲ့ကြတာ။ စခဲ့ကြတော့ ဒီမိုကရေစီ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ လည်း လူထုဆန္ဒ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေါ့။ ဥပဒေအရ ခွင့်ပြုထားရတာတော့ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အခု အကူးအပြောင်းမှာ လွှတ်တော် က နေပြီးတော့ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်ဆိုတာ ရေးဆွဲနေကြတာ ရှိတယ်။ ပြီးပြည့်စုံမှု မရှိသေးပေမယ်လို့ ဥပဒေတစ်ရပ်အနေနဲ့ ကျင့်သုံးဖို့ ကြိုးစားလာတယ်။ အဲတော့ လူထုဆန္ဒဖော်ထုတ်တယ်ဆိုတဲ့ နေရာမှာ ငါးနှစ်တစ်ကြိမ် ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက တစ်ဆင့်ရှိသလို အခါအားလျော်စွာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရပ်တွေပေါ့လေ။
ဥပမာ မြစ်ဆုံလိုကိစ္စမျိုးတွေဟာလည်း လိုအပ်ရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့် လိုအပ်လာလိမ့်မယ်။ အဲဒါအတွက်ကိုလည်း အားလုံး ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်တဲ့ ဥပဒေမျိုးတွေ ပြဋ္ဌာန်းပေးဖို့လည်း လိုတယ်။ စနစ်တကျလည်း ကျင့်သုံးဖို့ လိုတယ်ပေါ့။ အဲဒီတော့ ဒီနည်းလမ်းလည်း ရှိလာ လိမ့် မယ်။
ဆိုလိုတာက လူထုက ၈၈ မျိုးဆက်ကျောင်းသားကို ဒီ့ထက် ပိုမျှော်လင့်တဲ့ဟာလည်းဖြစ်နိုင်တယ်။ ပိုမျှော်လင့်တော့ ပိုပြီးသိချင်တယ်။
ဆိုလိုတာက လူထုက ၈၈ မျိုးဆက်ကျောင်းသားကို ဒီ့ထက် ပိုမျှော်လင့်တဲ့ဟာလည်းဖြစ်နိုင်တယ်။ ပိုမျှော်လင့်တော့ ပိုပြီးသိချင်တယ်။
လူထု မျှော်လင့်ချက်ကို ကျွန် တော်တို့ နားလည်ပါတယ်။ နားလည်ပါတယ်ဆိုတာက ကျွန်တော်တို့ အသက်အရွယ်ကလည်း နိုင်ငံတကာ စံနှုန်းအနေနဲ့ ပြောရမယ် ဆိုရင် ကျွန်တော်တောင် ရယ်စရာ ပြောရရင်၊ အိုဘားမားနဲ့ ကျွန်တော်တို့က အသက်အတူတူပဲ။ ယင်းလတ် ဆိုတာ ၄၄ နှစ်ပဲ ရှိသေးတာ။ ဆိုလိုတာက ကျွန်တော်တို့ အသက် အရွယ်အရ ဒီ့ထက်ကြီးလေးတဲ့ တာဝန်တွေ ယူရတော့မယ်။ အဲတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ထောင်ကျစဉ်ကလည်း လက်လှမ်းမီသလောက် ဖတ်ရှုလေ့လာ တယ်။ ဒီ့ထက်မကလည်း ပြင်ဆင်ဖို့လိုသေးတယ်။
အဲတော့ လူထုမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ။ ကြိုးစားတဲ့နေရာမှာ ပုံသဏ္ဌာန် မပြောနိုင်သေးတာက ကျွန်တော်တို့ ဆုံးဖြတ်မှုဟာ သက်ရောက်မှုကြီးမယ်လို့ ထင်တဲ့အတွက် ကြောင့်ပေါ့လေ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအကြိမ်တွေ့တဲ့အခါမှာ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဋ္ဌေးကြွယ်တို့ပဲ သွားတယ်ဆိုတော့ ဦးကိုကိုကြီးတို့အနေနဲ့ ဒီ သုံးယောက်ဘဲ သီးသန့် သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့တာလား။ ဒေါ်အောင်ဆန်းစုကြည်က ဒီ ၃ယောက်ကိုပဲ ဖိတ်တာလား။
အဲဒါက ဒီလိုပါ။ ကျွန်တော်တို့မှာ ပါတီကြီးတစ်ခုကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့ ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ ၈၈ ကို အတူလုပ်ခဲ့တဲ့ ရဲဘော် ရဲဘက်တွေအနေနဲ့ ဖွဲ့စည်းထားတာ။ အရင်တုန်းက တစ်ယောက်တစ်ဖွဲ့စီ အယူအဆတစ်ခုစီနဲ့ လုပ်ခဲ့ကြပေမယ့် ပြန်လုပ်တဲ့အခါမှာ နားလည်မှု အကုန်ပြန် တည်ဆောက်နိုင်ခဲ့တယ်။ ဒါ့ကြောင့် အချို့ကိစ္စတွေမှာ သွားပြီး ပြန်ပြောလိုက်ရင် လက်ခံတယ်။ ကိုယ်စားပြုပြီး သွားတယ်လို့ သတ်မှတ်တယ်။ အဲတော့ကျွန်တော်တို့ သွားတွေ့မယ့်ကိစ္စကိုလည်း အချင်းချင်းကြားမှာ ဆွေးနွေးပြီးတော့ မှ သွားတွေ့တယ်။
အဲဒါက ဒီလိုပါ။ ကျွန်တော်တို့မှာ ပါတီကြီးတစ်ခုကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့ ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ ၈၈ ကို အတူလုပ်ခဲ့တဲ့ ရဲဘော် ရဲဘက်တွေအနေနဲ့ ဖွဲ့စည်းထားတာ။ အရင်တုန်းက တစ်ယောက်တစ်ဖွဲ့စီ အယူအဆတစ်ခုစီနဲ့ လုပ်ခဲ့ကြပေမယ့် ပြန်လုပ်တဲ့အခါမှာ နားလည်မှု အကုန်ပြန် တည်ဆောက်နိုင်ခဲ့တယ်။ ဒါ့ကြောင့် အချို့ကိစ္စတွေမှာ သွားပြီး ပြန်ပြောလိုက်ရင် လက်ခံတယ်။ ကိုယ်စားပြုပြီး သွားတယ်လို့ သတ်မှတ်တယ်။ အဲတော့ကျွန်တော်တို့ သွားတွေ့မယ့်ကိစ္စကိုလည်း အချင်းချင်းကြားမှာ ဆွေးနွေးပြီးတော့ မှ သွားတွေ့တယ်။
သွားတွေ့တော့ ပထမတစ်ကြိမ်က မိသားစု ပြန်ဆုံတဲ့ ပုံစံလေး သွားတွေ့တယ်။ ပထမတစ်ခေါက်မှာ အလုပ်နဲ့ ပတ်သက်တာ ဘာမှ မပြောဖြစ်ဘူး။ ဒီတစ်ခေါက်သွားပြီး စ အခြေခံပြောတာက ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲက သတင်းထုတ်ပြန် ချက်အပေါ် အခြေခံပြီး ကျွန်တော်တို့ သဘောထားကို ပြောဖြစ်တာပါ။
အဲဒီသတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်ရယ် ဒီကြားထဲ နှစ်ကြိမ်တွေ့တယ်။ အဲဒီမှာ ဝန်းရံမယ့် ပုံသဏ္ဌာန်ကို ပြည်သူက သိချင်တာ။
အဲဒီသတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်ရယ် ဒီကြားထဲ နှစ်ကြိမ်တွေ့တယ်။ အဲဒီမှာ ဝန်းရံမယ့် ပုံသဏ္ဌာန်ကို ပြည်သူက သိချင်တာ။
ကျွန်တော်တို့က ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို အားဖြည့်ပေးတာ။ ဘာ့ကြောင့် လဲဆိုတော့ ဒီဆုံးဖြတ်ချက်က အရေးပါတယ်။ တစ်ချိန်တုန်းက ကျွန်တော်တို့ဟာ ထိပ်တိုက်တိုးခဲ့တဲ့ ကာလတွေက များတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလွှတ်တော်ကနေ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးလိုက်တာဟာ မြန် မာပြည် နိုင်ငံရေးသမိုင်း တစ်ခုရဲ့ အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်သွားတယ်။ အဲဒီ အချိုးအကွေ့မှာ သဘောထား မတိုက်ဆိုင်တာတွေလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒီ မတိုက်ဆိုင်မှုတွေ ကြောင့် သူ့ရဲ့ဒီသဘောထားဆုံးဖြတ်ချက်ကို အားနည်းမသွားစေချင်ဘူး။
ဒါ့ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဆုံးဖြတ်ချက်လမ်းကြောင်း ကို နိုင်ငံရေးလမ်းကြောင်း ရွေးချယ်မှုအဖြစ်နဲ့ ထောက်ခံတယ်။ ဝိုင်းရံတယ်။ အားပေးသွားမယ်လို့ ဆိုလိုတာ။
အထူးသဖြင့်တော့ ဒီကြားဖြတ်နဲ့ ပတ်သက်လို့ ဦးကိုကိုကြီးတို့က ဒီထုတ်ပြန်ချက်ဘဲ ရှိသေးတာကိုး။ ဆိုလိုတာက ကြားဖြတ်မှာ စည်းရုံးပေးမှာလား။
အထူးသဖြင့်တော့ ဒီကြားဖြတ်နဲ့ ပတ်သက်လို့ ဦးကိုကိုကြီးတို့က ဒီထုတ်ပြန်ချက်ဘဲ ရှိသေးတာကိုး။ ဆိုလိုတာက ကြားဖြတ်မှာ စည်းရုံးပေးမှာလား။
ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီမဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုကို သူတို့ လွတ်လွတ်လပ်လပ်ပဲ ဖြစ်စေချင်တာ။ ကျွန်တော်တို့ ပြောနိုင်တာက လူထုက ရွေးချယ်တဲ့အခါ မှာ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုယ်စား လှယ်ဟာဖြင့် ငါတို့အကျိုးကိုတကယ် ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်လိမ့်မယ် ဆိုတာကို ရွေးချယ်နိုင်ဖို့ ကျွန်တော်တို့ ပံ့ပိုးသွားခြင်းပဲ။ ဆိုလိုတာက သူတို့ရဲ့ အယူအဆတွေ ဘယ်လိုရပ်တည်ခဲ့တယ်၊ သူတို့ ဘယ်လိုဖြတ်သန်းခဲ့ တယ်၊ ဘယ်လူပုဂ္ဂိုလ်ဟာဖြင့် ဘယ်လိုဖြတ်သန်းခဲ့တယ်၊ အနစ်နာခံခဲ့တယ်၊ သူတို့မှာ ဘယ်လိုအရည် အချင်းတွေရှိခဲ့တယ်ဆိုတာကို လူထုက မှန်မှန်ကန်ကန် ရွေးချယ်နိုင် ဖို့ကိုပဲမျှော်လင့်တယ်။
တကယ်တော့ ဒီ ၄၈ နေရာဆိုတာ လွှတ်တော်ကိုယ် စားလှယ်အရေအတွက်နဲ့ပြောရင် မပြောပလောက်ဘူး။ ဒါပေမဲ့ ဒီထက်ပိုပြီးအနာဂတ်ကို ဖြတ်သန်းမှာ ဖြစ်တဲ့အတွက် ဒီ ၄၈ နေရာမှာ ပါတီအောင်နိုင်ရေး၊ လူပုဂ္ဂိုလ် အောင်နိုင်ရေး ဆိုတာထက်ကို ဒီမိုကရေစီ လှုပ်ရှားမှု ခွင်ကျယ်လာဖို့ အဲဒါကို အဓိက ကြိုးစားသွားမှာပါ။
(မိုးမြင့်မြတ် တွေ့ဆုံမေးမြန်းသည်)
(မိုးမြင့်မြတ် တွေ့ဆုံမေးမြန်းသည်)
No comments:
Post a Comment