ယခုလ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည့် ဒေါ်အောင်ဆန်းစုကြည်သည် အနှစ် ၃၀ကြာအတွင်း ပထမဦးဆုံးနိုင်ငံခြားခရီးအလည်အပတ်သွားမည်ဟု လွန်ခဲ့သော သတင်းတပတ်အတွင်း မှာ ဆိုသွားပါသည်။ အာရှတွင် နောက်ရေပန်းစားလာမည့် စီးပွားရေး မြန်မာ့လေကြောင်းသည် အကြီးအ ကျယ် တိုးတက် ပြောင်းလဲစရာ ဖြစ်ဖွယ်ရှိသည်ဟုလည်း (Centre for Asia Pacific Aviation, CAPA) မှ ဆိုသွားပါ သည်။
မြန်မာ့လေကြောင်းစီးပွားရေးသည် အာရှနိုင်ငံအားလုံးတွင် ခေတ်နောက်ကျ ကျန်နေခဲ့ပြီး၊ ရှိလူဦးရေ ၄၈သန်းအတွက် ပြည်တွင်း၊ ပြည်ပ စီးနင်းခုံရေသည် တပတ်အတွင်းတွင် ၄သောင်း ၁ထောင် သာလျှင် ရှိပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံသည် လူဦးရေ ၆၉သန်းတွင် တပတ်အတွင်း ၁၀သိန်း ၁သောင်း ခုံရေနှင့် နှိုင်းယှဉ် ကြည့်လျှင် မြန်မာ့လေကြောင်းလိုင်းသည် တိုးတက်မှု ကွာဟချက်ကို သိသာစေနိုင်ပါ သည်။
ယခုလက်ရှိ အခြေအနေသည် လွန်ခဲ့သော ၃နှစ်ဖြင့်ယှဉ်ကြည့်မည်ဆိုလျှင် ရန်ကုန်လေဆိပ်တွင် နိုင် ငံခြား ဧည့်သည်ဦးရေသည် ၂ဆတိုးတက်လာပြီး နောက်ဆက်လက် တိုးပွားလာဖွယ်ရှိသည်ဟု CAPA ကဆက် လက်ပြောဆိုသွားပါသည်။
နိုင်ငံခြားလေကြောင်းများဖြစ်သည့် (Qatar Airways နှင့်All Nippon Airways ANA) တို့ မှ မြန် မာ့ လေကြောင်းတွင် ပြန်လည်ဝင်ရောက်ဖို့ လည်း စဉ်းစားနေသည်ဟု ဆိုပါသည်။
အာရှတွင် နိုင်ငံဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာများ မြန်မာပြည်တွင် ရှိနေသော် လည်း လေဆိပ်အသစ်နှင့် ဟော်တယ်များကို အချိန်တိုအတွင်း လျှင်လျှင်မြန်မြန် ဆောက်လုပ်ရန်မှာ မဖြစ် နိုင်သည့် အပြင် စီးပွားရေးအထောက်အကူပြု အခြေခံအုတ်မြစ်များ မရှိခြင်းအတွက် သွားရောက် လည် ပတ်မည့် နိုင်ငံခြား ဧည့်သည်များအတွက် စိတ်ကသိကအောက်ဖြစ်နိုင်သည်ဟု CAPA ခန့်  မှန်းပြောဆိုသွားပါသည်။
AFPBB News
AFPBB News
No comments:
Post a Comment