တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နှင့်ဖိလစ်ပိုင်တို့  နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်လို့  ဖိလစ်ပိုင် နိုင်ငံမြို့ ကြီးတွေမှာ ၁၁.၅.၂၀၁၁ရက်နေ့ မှာ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူများသည် စကာဘ လို ကွန်းကနေ တရုတ်တွေ ထွက်သွား. တရုတ်တွေ ထွက်သွားလို့  ဟစ် အော်တောင်းဆိုခဲ့ကြပါတယ်။
ဒီတောင်ဆိုမှုနှင့် နိုင်ငံတကာသိအောင် ဆောင်ရွက်သွားမှာ ဖြစ်သလို နိုင်ငံရေးအရလည်း ဖြေရှင်းသွား မယ်လို့  ဆိုပါတယ်။ တဖက် တရုတ်အစိုးဟာ ဒီလိုဆန္ဒပြတောင်းဆိုမှုတွေကို ခွင့်ပြုထားတဲ့ ဖိလစ်ပိုင်အစိုး ရကို ဘယ်နည်း၊ ဘယ်လိုပုံစံနှင့်ဘဲ ဖြစ်ဖြစ် ဖြေရှင်းဖို့  အဆင်သင့်ရှိတယ်လို့  တရုတ်နိုင်ငံရှိ ဖိလစ်ပိုင် အထူးသံအမတ်ကို ၇ရက်နေ့  ခြိမ်းခြောက် ခေါ်ယူပြောဆိုသွားခဲ့ပါတယ်။
မနီလာမြို့ တော်မှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ မှာ လူအယောက် တစ်ရာခန့်  စုဝေးခဲ့ကြပြီး `“တရုတ်အစိုးရ ခြိမ်းခြောက်မှု ချက်ချင်းရပ်၊ ချက်ချင်းရပ်`.``.လို့  ရေးထားတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
`“တရုတ်အစိုးဟာ သူများအိမ်ခြံဝင်းထဲ ၀င်လာပြီး ရမ်းကားနေတယ်၊ တရုတ်နှင့်နယ် မြေအငြင်းပွား နေရတဲ့နိုင်ငံတွေအနေနှင့် ဘယ်လိုလုပ်သင့်တယ်ဆိုတာ၊ နိုင်ငံတကာကိုလည်း သိစေချင်ပါတယ်လို့  ဆန္ဒပြသူ တယောက်ကပြောသွားပါတယ်။
အမေရိကန်၊ ကနေဒါ၊ အီတလီ၊ သြစတြေးလျနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင် တွေကလည်း သူတို့ ရဲ့ ဆန္ဒကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။ “ဆန္ဒတွေတူတဲ့ ကျနော်တို့ ရဲ့  တပြည်ထဲသား၊ တနိုင်တည်း သားတွေ နိုင်ငံခြားမှာ အများကြီးရှိပါတယ်။`လို့  လည်းပြောသွားပါတယ်။
အခုတရုတ်နှင့် အငြင်းပွားနေရတဲ့ ဒေသဟာ စပိန်ကိုလိုနီခေတ်ကတည်းက ရေးဆွဲထားတဲ့ မြေပုံအရ ဖိလစ်ပိုင်နိုင်ငံပိုင်ဖြစ်ပါတယ်။ တရုတ်လူမျိုးအနေနှင့် ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်လူမျိုးအလည်အပတ် အ သွားများတဲ့နိုင်ငံ တနိုင်ငံဖြစ်ပြီး၊ ကိုရီးယား၊ ဂျပန်၊ အမေရိကန်ပြီးရင် နံပါတ် ၄နေရာနေရာမှာ ရှိနေပါ တယ်။ စီးပွားရေးအရ အတော့်ကို ထိခိုက်သွားနိုင်ပါတယ်။ ယခုနှစ် ဇန်န၀ါရီလကနေ မတ်လအတွင်းမှာ တရုတ်လူမျိုးစုစုပေါင်း အယောက် ၉သောင်း ၆ထောင်လာရောက်လည်ပတ် ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အနေနှင့် အာဆီယံနှင့် ညှိနှိုင်းဆောင်ရွက်သွားဖို့  အာဆီနိုင်ငံတွေကို တောင်းဆိုထား ပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂရဲ့  ပင်လယ်ပြင်ဆိုင်ရာ ဥပဒေများနှင့်အညီ လုပ် ဆောင်ဖို့  ဆုံးဖြတ်ချက်ချပြီးဖြစ်ပါတယ်။ ဒီ့အပြင် နိုင်ငံတကာခုံရုံးမှာ တဖက်သတ် တရားစွဲဆိုသွားဖို့ လည်း ရှိနေပါတယ်။
ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ဖိလစ်ပိုင် အစိုးရအနေနှင့် ယခုအရေးမှာ လုံးဝနောက်ဆုတ်ဖို့  အစီအစဉ်မရှိ၊ အာဆီယံနိုင်ငံအတွင် တရုတ်မလိုလားတဲ့နိုင်ငံများ အင်အားဖြည့် ဆောင်ရွက်သွားဖို့ နှင့် အမေရိကန်နှင့် ဘယ်လို ခြေလှမ်းမျိုးနှင့် ပူးပေါင်းလာမလဲလို့ ဆိုတာ စောင့်ကြည့်နေပါတယ်။
(ဆန်ကေးသတင်းစာမှ ဘာသာပြန်)
No comments:
Post a Comment