Sunday, June 3, 2012

အာရှမှာ တိုက်ခတ်လာမဲ့ လေ

   အာရှတိုက်က အမျိုးသမီး နှစ်ယောက်ဟာ နိုင်ငံရေးလောကရဲ့  တံခါးအသစ်ကို ဖွင့်ဖို့  ပြင်ဆင်နေကြပါ တယ်။ 
    တယောက်ကတော့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့  ပြင် ဆင်နေတဲ့ အတိုက်အခံပါတီက လွတ်တော်အမတ်  ပတ်ဂွန်းဟူး(Park Geun-hye) ဖြစ်ပါတယ်။
     နောက်တယောက်ကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒေါ် 
အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်မဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့  အရှေ့ အာရှအစည်းအဝေး မှာ  မြန်မာနိုင်ငံရဲ့  အတိုက်အခံပါတီရဲ့  အကြီးအကဲအဖြစ် တက်ရောက် မိန့် ခွန်းပြောကြား သွားပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ဒီခရီးစဉ်ဟာ ၂၄နှစ်အတွင်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။ 
       တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံဟာ ၂၉နှစ်အတွင်း နှစ်နိုင်ငံပြန်လည် သင့်မြတ်သွားတာ သိပ်မကြာ သေးပါဘူး။ 
    ၁၉၈၃ခုနှစ် အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား လုပ်ကြံမှုကြောင့် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီးနောက်ပိုင်းမြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး များမကြာမီနှစ်မှာ ဘဲ  မြောက်ကိုရီးယားဆီ က စစ်လက်နက်အကူအညီကို မြန်မာနိုင်ငံက ရယူခဲ့တဲ့အ တွက် တောင်ရီးယားနို င်ငံနှင့်ဆက်ဆံရေးမှာ အတော်လေး အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲလို့  မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီပြုပြ  င်ပြောင်း လဲမှုများအတွက် လက်ရှိတောင်ကိုရီးယားသမ္မတဟာ မြန်မာနိုင်ငံကို ရုတ်တရက် အလည်အ ပတ်သွားရောက်ခဲ့ပါတယ်။
     ၁၉၈၃ခုနှစ်အချိန်တုန်းက အဲဒီအမျိုးသမီး နှစ်ယောက်။ ကျောင်းပေါင်းများစွာမှာ ပညာတွေသင်ရင်း၊ တယောက်က အင်္ဂလန်နိုင်ငံမှာနေထိုင်ပြီး အမိနိုင်ငံကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ၂နှစ်သမီးအရွယ်ဟာ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ရပါတယ်။ 
    တချိန်တည်းမှာပဲ အဖေဖြစ်တဲ့ သမ္မတ ပတ်ချုံဟီး (Park Chung-hee) (၁၉၇၉ခုနှစ် လုပ်ကြံသတ်ဖြတ် ခြင်းခံရ) လို့  အကာအကွယ်မဲ့နေခဲ့တဲ့ ပတ်ဂွန်းဟူး(Park Geun-hye)ဟာ သမ္မတအိမ်
တော်ကနေ ထွက်ခွာပြီး အဖေဖြစ်သူဟာ အာဏာရှင်ဖြစ်တယ်လို့  လူသူစွပ်စွဲမှ ကင်းဝေးအောင် တိတ်တ ဆိတ်လေး တိုင်းပြည်က ထွက်ခွာခဲ့ရပါတယ်။
     သူတို့  နှစ်ယောက်စလုံးဟာ ကိုယ့်ပုံစံနှင့်ကိုယ် နိုင်ငံရေးကို စတင်ဖို့  ခြေလှမ်းတွေ အဲဒီအချိန်က စလို့  ပြင်ဆင်ခဲ့ကြပါတယ်။
        ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာတာကတော့ ၁၉၈၈ ခုနှစ်ပါ။ ဦးနေ၀င်းလက်ထက် ငွေစက္ကူတွေကို ရုပ်သိမ်း၊ ဖျက်သိမ်းလို့  တိုင်းပြည်သူ၊ ပြည်သားတွေ ပေါက် ကွဲပြီးလမ်းမပေါ်မှာ ဒီမိုကရေစီ အသွင်းပြောင်းပေးဖို့  တောင်းခံနေကြတာကို  ဒေါ်အောင်ဆန်းစု ကြည် က စကားပြောဖို့ ပါပဲ။ ပတ်ဂွန်းဟူး(Park Geun-hye)ကို တောင်ကိုရီးယားနိုင်ငံရေးကို ပြန်လည်စိတ်ဝင်စား   
 စေတာကတော့ ၁၉၉၇ခုနှစ် အာရှငွေကြေးအကျပ်အတည်းပါပဲ။ အဲဒီ ငွေကြေးအကျပ်အတည်းကြောင့် 
တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့  ထိမ်းကွပ်မှုအောက်ကို ရောက်ခဲ့ရပါတယ်။ သူ့ အဖေ
အာဏာရှင် ပတ်ချုံဟီး (Park Chung-hee)လက်ထက်ကတည်းက ကောင်းမွန်ခဲ့တဲ့ စီးပွားရေဟာ ညချင်း တွင်းမှာပဲ ဇောက်ထိုးပြန်ကျသွားခဲ့လို့  တောင်ကိုရီးယားပြည်သူတွေ လမ်းမပေါ်မှာ အစားအသောက်ကို တန်းစီးစောင့်နေတဲ့ လူတန်းကြီးက ပတ်ဂွန်းဟူး(Park Geun-hye)ကို ဒေါသထွက်စေခဲ့ပါတယ်။
   သူတို့ နှစ်ယောက်ရဲ့  အဖြစ်အပျက်တွေကို ကြည့်ရင် အဓိပ္ပါယ်မရှိဘူးလို့  ထင်ရပေမဲ့၊ ကိုရီးယားကျွန်း ဆွယ်၊ အင်ဒိုနီးရှားကျွန်းဆွယ်ရဲ့  စစ်အေးကာလနှင့် အခုလက်ရှိအာရှဒေသရဲ့  အဖြစ်အပျက်တွေက ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်တွေကို ဆုံးရှုံးသွားတဲ့ သူတို့  ၂ယောက်ရဲ့ မြင်ကွင်းထဲမှာတော့   ပြတ်ပြတ်သား သား ပေါ်လွင်နေမှာပါပဲ။
    ဆိုးလ်မြို့ ရဲ့  မေလ မှာတိုက်ခတ်တဲ့ လေနှင့်ပျဉ်းမနား နေပြည်တော်က နွေအလွန် လေ တော့ဖြင့် အတော်ပြင်းပြင်းလေး တိုက်ခတ်လိမ့်မယ် ထင်ပါရဲ့ ။ အကယ်၍များ သူတို့  နှစ်ယောက် ဆုံဖြစ်မယ်ဆိုရင်
တော့ ဘာအကြောင်း စကားတွေများ ပြောကြမှာပါလိမ့်။

ဆန်ကေးအွန်လိုင်းမှ (Kubota Ruriko)ရဲ့  အာဘော်ကို ဘာသာပြန်ထားခြင်း။

No comments:

Post a Comment