ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံမှာ ၁၉၉၁ခုနှစ်က ရခဲ့တဲ့နိုဘယ်ဆုအတွက် မိန့် ခွန်းပြောဖို့ ယနေ့ ၁၃ရက်နေ့  ရန်ကုန်ကနေ ထွက်ခွာပါမယ်။ ၂ပတ်ကြာ ခရီးအတွင်းမှာ အင်္ဂလန်နိုင်ငံ
ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ပြောကြားချက်အရ ၁၄ရက်နေ့ မှာ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမဲ့ ကမ္ဘာ့အလုပ်သမားညီလာခံမှာ မိန့် ခွန်တက်ရောက်ပြောကြားမှာလည်း ဖြစ်ပါတယ်။ ၁၅ရက်နေ့ မှာ နော်
ဝေးနိုင်ငံ ကိုသွားရောက်မှာ ဖြစ်ပါတယ်။ ၁၆ရက်နေ့ မှာ နော်ဝေ ၀န်ကြီးချုပ်နှင့်လည်း တွေ့ ဆုံဆွေးနွေးပြီး
နောက် မိန့် ခွန်းပြောကြားမှာဖြစ်ပါတယ်။
၁၉၈၈ခုနှစ် မြန်မာပြည်မပြန်ခင်အချိန်ထိ နေထိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံကိုလည်း
သွားရောက်မှာဖြစ်ပြီး ၁၉ရက်နေ့ ဟာ သူမရဲ့  ၆၇နှစ်မြောက်မွေးနေ့ လဲ ဖြစ်ပါတယ်။
၂၆ရက်နေ့ မှာ ပြင်သစ်နိုင်ငံကို သွားရောက်ပြီး ၂၉ရက်နေ့ အထိနေထိုင်မယ်ဖို့  ရှိပါတယ်။
No comments:
Post a Comment