Thursday, September 13, 2012

စိန်ခေါ်သံတွေကြားက ၂၀၁၂ အာရှ

၂ဝ၁၂ ခုနှစ် အာရှတိုက် ၂ဝ၁၂ ခုနှစ်သည် အာရှတိုက် အတွက် ရင်ခုန်ဖွယ်ရာ၊ စိတ်တက် ကြွဖွယ်ရာ နှစ်တစ်နှစ်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး နာလန်ထူလာရေး တွင် အာရှတိုက်သည် အဓိက နေ ရာမှ ပါဝင်လျက်ရှိသည်။ စက်မှု နိုင်ငံကြီး များ၏ စီးပွားရေး ဆုတ် ဆိုင်းနေချိန်တွင် တရုတ်၊ အိန္ဒိယ နှင့်တကွ အာဆီယံနိုင်ငံများ၏ စီး ပွားရေးသည် ပုံမှန်တိုးတက် နေ သည်။ အာရှအစိုးရများသည် စီးပွားရေးတိုးတက်မှုအတွက်လုံးပန်း နေရသည့် အချိန်တွင် ပြည်တွင်း နိုင်ငံရေးက တမှောင့်ဖြစ်နေသည်။ နိုင်ငံရေး အခြေအနေ တိုင်းပြည်တိုင်း၏ အဓိက အ ရေးကြီးဆုံးမှာ စီးပွားရေးတိုးတက် မှုဟု ဆိုလင့်ကစား အခွင့်သာသော နိုင်ငံရေးအခြေအနေသည် စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိ မဖြစ် လိုအပ်သည်။ ဂျာမန်ပြည် တွင်း နိုင်ငံရေးသည် ဥရောပသမဂ္ဂ ၏ အဆုံးအဖြတ်များကို သြဇာ သက်ရောက်လျက်ရှိသည်မှာ ထင် ရှားသော သာဓကတစ်ခုဖြစ်သည်။ အာရှတိုက်သည် ဥရောပ မဟုတ် သော်လည်း ၂ဝ၁၂ခုနှစ်တွင် စီးပွား ရေးတိုးတက်မှုသည် အာရှနိုင်ငံများ ၏ ပြည်တွင်းနိုင်ငံရေးအပေါ်များ စွာတည် မှီနေသည်။ ရွေးကောက် ပွဲရလဒ်နှင့်ခေါင်းဆောင်အပြောင်း အလဲများသည် အာရှနိုင်ငံများ၏ စီးပွားရေး အပေါ် သက်ရောက်မှု များစွာရှိပေလိမ့်မည်။ အမေရိကန်၊ တောင်ကိုရီး ယားနှင့် ထိုင်ဝမ်တွင် ခေါင်းဆောင် လောင်းများသည် သူတို့၏ မတူ ကွဲပြားသော ပေါ်လစီများကို လူထုထံ ချပြနေကြသည်။ သူတို့သည် မတူညီသော ဦးစားပေးလုပ်ငန်း၊ ခြားနားသောပေါ်လစီများရှိနေကြ သည်။ မြောက်ကိုရီး ယားခေါင်း ဆောင်ပိုင်း၏ အာဏာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းမှု များသည် မငြိမ်သက်မှုများ ဖြစ်စေ နိုင်သည်။ထိုမငြိမ် သက် မှုများ သည် အိမ်နီးချင်းနိုင်ငံများသို့ ဖိတ် စင်ကျလာနိုင်သည်။ ထိုင်းနိုင်ငံသို့ ဝန်ကြီးချုပ်သက်ဆင်ရှင်နာ ဝပ် ပြည်တော်ပြန် ရန် ပြူတစ်ပြူတစ် လုပ်နေခြင်းသည် တိုင်းပြည်ကို ယောက်ယက်ခတ်စေသည်။ ထို ယောက်ယက်ခတ်မှုများမှ တစ်ဆင့် ဆူပူမှု များဖြစ်လာသည်။ ၂ဝ၁၄ ခုနှစ်တွင် အိန္ဒိယနှင့် အင်ဒိုနီးရှား တွင် ရွေးကောက်ပွဲများရှိနေသည်။ အင်ဒိုနီးရှားတွင် ဂိုလ်ကာပါတီ အာဏာပြန်ရလာမည်ဆိုပါက လက်ရှိ အကောင်အထည်ဖော်နေ သော ပြုပြင်ပြောင်းလဲမှုများ အရှိန် နှေးသွားနိုင် သည်။ စီးပွားရေး အတက်အကျ ဥရောပတွင် စီးပွားရေး ဆုတ် ဆိုင်းပြီး ၊ အမေရိကန်၏ စီးပွားရေး မှာ နှေးကွေးလေးလံနေချိန်တွင် အာရှစီးပွားရေးသည် ပုံမှန် တိုး တက်နေခဲ့သည်။ ၂ဝ၁၁ခုနှစ် ဒီ ဇင်ဘာလတွင် ထုတ်ပြန်သော စီး ပွားရေးကိန်းဂဏန်းများက အာရှ၏ စီးပွားရေးကို အတက်ဘက်သို့ ညွှန် ပြလျက်ရှိသော်လည်း ပို့ကုန်အမှီ ပြု အာရှနိုင်ငံများသည် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရဖွယ်ရှိနေ သည်။ ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် နှင့် ဥရောပတွင် စီးပွားရေး ဆုတ် ဆိုင်းမှုသည် ဆက်လက် ရှိနေဦး မည်ဖြစ်သဖြင့် အာရှနိုင်ငံ များသို့ အရင်းအနှီးစီးဝင်မှု မတည်မငြိမ် ဖြစ်စေနိုင်သည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က သတိပေးထားသည်။ အ နောက်စီးပွားရေး အင်ပါရာကြီးများ စီးပွားရေးကျဆင်းနေချိန်တွင်အာရှ ၏ စီးပွားရေးဒိုင်နိုဆောဖြစ်သည့် တရုတ်၏ စီးပွားရေးသည်များစွာ အရေး ကြီးနေသည်။ တရုတ်၏ စီး ပွားရေးလည်း ကျဆင်းပါက တစ် ကမ္ဘာလုံး ကမောက်ကမဖြစ်သွား နိုင်သည်။ တရုတ်စီးပွားရေးသည်လည်း မာမာချာချာရှိလှသည်တော့မဟုတ်။ ပြည်ပ ရင်းနှီးမြုပ်နှံမှုများသည် တရုတ်စီးပွားရေးတွင် များစွာ အရေးပါနေသည်။တရုတ်၏စီးပွားရေး ကို အားလုံးက ဂရုတစိုက် စောင့် ကြည့်နေရသည်။ တရုတ်၏ ၁၂ ကြိမ်မြောက် ငါးနှစ် စီမံကိန်းသည် နှေး ကွေးနေသော်လည်း ဟန်ချက်ညီ လျက်ရှိသည်။ တရုတ်ပြည်၏ စီး ပွားရေးအခြေခံပြောင်းလဲမှုသည် အချိန်ယူဦး မည် ဖြစ်သည်။ ထို့ ကြောင့် ပို့ကုန်နှင့် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများအပေါ် မှီခိုနေရဆဲ ဖြစ် သည်။ ပုံမှန်တိုးတက်စေရန် ဂရု ထားနေ ရသည့်အတွက် တရုတ်စီး ပွားရေး တိုးတက်မှုသည် နှေးကွေး နေရသည်။ လက်ရှိကမ္ဘာ့စီးပွားရေး အခြေအနေသည် တရုတ်ပြည်၏ စီးပွားရေး အလျင်အမြန်တိုးတက် ရန် လိုအပ်နေသည်။ ကမ္ဘာ့စီးပွား ရေးပြန်လည်ခိုင်မာလာစေရန်တရုတ် ၏မောင်းနှင်အား လိုအပ်နေသည်။ ၂ဝ၁၂ ခုနှစ်တွင် တောင်ကိုရီး ယား၏စီးပွားရေးသည် မရေမရာ ဖြစ်နေသည်။ တရုတ်၏ ဝယ်လို အားပေါ်တွင် လည်း တောင် ကိုရီး ယားက တစ်စိတ်တစ်ပိုင်း မှီနေရ သည်။ ထို့ကြောင့် တရုတ်၏ တိုး တက်မှုနှုန်းအနည်းငယ်ကျဆင်းရုံမျှ နှင့် ကျန်အာရှနိုင်ငံ များတွင် ရိုက် ခတ်လာမည်။ ဦးစားပေးကုန်သွယ်မှုစာချုပ် Preferential Trade Agreement -PTA များသည် အာရှတိုက်တွင် တိုးပွားလာနေသည်။ အမေရိကန် က ပစိဖိတ်မဟာမိတ်ပြုမှု Trans Pacific Partneship-TPP ထဲ တွင် ပါဝင်လာခြင်းဖြင့် အာရှတိုက် အတွင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စီးပွားဆက်နွယ်နေမှုတွင် အမေရိ ကန်က ဇာတ်ဆောင်တစ်ယောက် အနေဖြင့် ပါလာသည်။ သို့သော် အမေရိကန်သည် သူ၏ကုန်သွယ် ရေးနှင့် အလုပ်သမားစံများကို ဆွဲ သွင်းလာသဖြင့် အာရှနိုင်ငံများ လုပ်ရကိုင်ရ ခက်ကုန်သည်။ ဆုံး ဖြတ်ချက်ကို တူညီဆန္ဒဖြင့် ချမှတ် ရန် ခက်ခဲလာသည်။ တရုတ်သည် အစကတည်း က TPPအား သံသယမျက်လုံး ဖြင့် ကြည့်နေခဲ့သည်။ TPPသည် တရုတ်အား ဝိုင်းပတ်ချုပ်ကိုင်ရန် ကြိုးပမ်းမှုဟုပီကင်းကမြင်နေသည်။ ထို့ကြောင့် အာဆီယံ၊ ပါကစ္စတန်၊ စင်ကာပူစသည့် နိုင်ငံများနှင့် ဦး စားပေးကုန်သွယ်မှု စာချုပ်များ ချုပ် ဆိုရန် TPPကို တန်ပြန်ရန် ကြိုး စားသည်။ အာရှတိုက်ကို အမေရိကန်၏ မဟာဗျူဟာ အချက်အချာ အဖြစ် ၂ဝ၁၁ ခုနှစ်တွင် စတင်စိတ်ကူး ရလာခဲ့သည်။ အမေရိကန်သည် အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော် လည်း ယင်း၏ စီးပွားရေးအင်အား စု တစ်ရပ်အဖြစ် အာရှတိုက် ကို အသုံးမချနိုင်ခဲ့။ အာရှတိုက်၏ စီးပွား ရေးအရင်းအမြစ်များကို အသုံးချ လျက် အမေရိကန်၏ စီးပွားရေး နာလန်ထူရေး အတွက်ဆောင်ရွက် ရန် စိတ်ကူးရှိလာသည်။ ချည့်နဲ့နေ သော စီးပွားရေးကြောင့် အမေရိ ကန်နှင့် စီးပွားရေးအရပူးပေါင်းရန် အာရှနိုင်ငံများက စိတ်ထက်သန်မှု မရှိကြ။ အိန္ဒိယ၏ တိုးတက်မှု အိန္ဒိယစီးပွားရေးသည် မှန်မှန် တိုးတက်နေသော်လည်း ၂ဝ၁၂ ခုနှစ်တွင် တိုးတက်မှု နှေးကွေးလာ သည်။ အခွန်၊ ပင်စင် နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အပိုင်းများတွင် ပြောင်းလဲမှု မလုပ်နိုင်ဘဲ ဆုတ် ဆိုင်းနေသည်။ နိုင်ငံရေးပါတီများ အချင်းများနေမှုကြောင့် ပါလီမန် လုပ်ငန်းများတန့်နေသည်။ ၂ဝ၁၁ ခုနှစ်သည် မွမ်ဘိုင်းစတော့ အိတ် ချိန်း အတွက် ဆိုးရွားသော နှစ်ဖြစ် သည်။ အိန္ဒိယနိုင်ငံရေးသမားများ သည် ပြုပြင်ပြောင်းလဲရေးကို ရဲရဲ ဝံ့ဝံ့ အကောင်အထည်ဖော်ရန် လို အပ်နေသည်။ သို့သော် ပါတီချင်း သဘောထားကွဲပြားနေသည့် အ တွက်အကောင်အထည်ပေါ်လာရန် မဖြစ်နိုင်။ အိန္ဒိယတွင်သာမက ဗီယက် နမ်နှင့်အင်ဒိုနီးရှားတွင်ပြုပြင်ပြောင်း လဲရေးအရှိန်သေနေသည်။ ဗီယက် နမ်တွင် နိုင်ငံခြားရင်း နှီးမြုပ်နှံမှု ထိန်းကျောင်းရေးနှင့် ဘဏ္ဍာရေး ပြု ပြင်ပြောင်းလဲရေးတို့ရပ်တန့်နေသည်။ တရုတ်ပြည်၏ပြုပြင်ပြောင်းလဲရေး သည် လည်းခြေကုန်လက်ပန်းကျသွားပြီ ဟုပြောကြသည်။ တစ်ဖက်တွင် ပြု ပြင် ပြောင်းလဲရေးကို မလိုလား သည့် အင်အားစု များက တောင့်ခံ နေသည်။ ဈေးကွက်စီးပွားရေး ကျင့်သုံးမှုအပေါ် အမြင်မတူသူ များ တိုးပွားလာသည့် အတွက် အစိုးရသည် သတိကြီးစွာထားနေ ရသည်။ ပြုပြင်ပြောင်းလဲမှုကို တစ် ရှိန်ထိုး မလုပ်တော့ဘဲ ဖြည်းဖြည်း ချင်း ချီတက်နေရသည်။ အာဆီယံနှင့် မြန်မာ မြန်မာနိုင်ငံတွင် စစ်မှန်သော ပြောင်းလဲမှုဖြစ်ပေါ်နေပြီလောဆို သည့် မေးခွန်းကို လူတိုင်းမေးကြ သည်။ မြန်မာ ၏ ပြောင်းလဲလာမှု အပေါ် အာဆီယံ၏ အမြင်သည် မည်သို့ရှိမည်နည်းဆိုသည့် မေး ခွန်းသည် စိတ်ဝင်စားဖွယ်ပင်။ အာ ဆီယံသည်တရုတ်နှင့်ဂျပန်အကြား ချိန်ခွင်လျှာမျှရန် ကြိုးစားခဲ့သည်။ တရုတ်ကိုစိုးရိမ်စိတ်ဖြင့် ဗီယက်နမ် စစ်အပြီး တွင် အာဆီယံသည်ပြုပြင် ပြောင်းလဲမှုတက်သုတ်ရိုက် ခဲ့ရသည်။ အာဆီယံ ဆယ်နိုင်ငံ ပေါင်းစည်း အင်အားဖြင့် တရုတ် ကိုချိန်ခွင်လျှာ ညှိနိုင်မည်ဟု မျှော်လင့်ထား သည်။ သို့ရာတွင် နောက် ပိုင်း တွင် အဖွဲ့ ဝင်ဖြစ်လာသည့် နိုင်ငံအချို့သည် အာဆီယံ၏ ရပ်တည်ချက် အချို့ ကို ဖီလာ ကန့် လန့် လုပ်လာသည်။ ဆယ်နိုင်ငံ တစ်သံတည်းထွက်ဖို့ဆို သည်မှာ မလွယ်ကူသေးပေ။ အထူး သဖြင့် တောင် တရုတ်ပင်လယ် အ ငြင်းပွားမှု အတွက် အာဆီယံဘုံရပ် တည်ချက် ပေါ်ထွက်လာရန်ပင် ခက်ခဲနေသည်။ တရုတ်အနေအထား တရုတ်အစိုးရသည် နိုင်ငံခြား အရန်ငွေ ဒေါ်လာသန်းပေါင်း သုံး သောင်းကို ပိုင်ဆိုင်ထားသည်။ တ ရုတ်လုပ်ငန်းရှင်များက ယင်းတို့ လက်ထဲတွင်ကိုင်ထားသောဒေါ်လာ ဘီလျံချီသည့်ငွေများကို ဥရောပ နှင့် အမေရိကန်တွင် ရင်းနှီးမြုပ်နှံ နိုင်ရန် အကွက် အကွင်းရှာနေသည်။ တရုတ်ငွေတန်ဖိုးမြှင့်ပေးရန် Óဏ ပစ္စည်းဆိုင်ရာ ဥပဒေများကို အတိ အကျ လိုက်နာရန် အနောက်နိုင်ငံ များက ၂ဝ၁၂ ခုနှစ်တွင် တရုတ် ကို ဖိအားပိုမိုပေးလိမ့်မည်။ တရုတ် ဘက်ကလည်း အမေရိကန်နှင့် ဥရောပတွင် ရင်းနှီးမြုပ်နှံမှု အခွင့် အလမ်းများ ပိုမိုပေးရန် တောင်းဆို လိမ့်မည်။ တရုတ်တို့က ငွေကြေး ဈေးကွက်တွင်လည်းကောင်း၊ ကော် ပိုရေးရှင်းကြီးများကို ဝယ်ယူရာတွင် လည်းကောင်းမြုပ်နှံလိုသည်။ အ နောက်နိုင်ငံများကမူ သဘာဝ ပတ် ဝန်းကျင်ကို အထောက် အကူပြု သော၊ အလုပ်အကိုင်များဖန်တီးပေး သောလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ စေလိုသည်။ ထိုကိစ္စကို ဥရောပ ပါ လီမန်များနှင့် အမေရိကန် ကွန်ဂရက် တို့တွင် အပြင်းအထန် ဆွေးနွေး စရာဖြစ်နေသည်။ ၂ဝ၁ဝ ခုနှစ်တွင် တရုတ်က အမေရိကန်တွင် ရင်းနှီးမြုပ်နှံမှု တန်ဖိုး ဒေါ်လာခြောက်ဘီလျံနီးပါး ရှိသည်။ အမေရိကန်က တရုတ် ပြည်တွင် ရင်းနှီးမြုပ်နှံမှုမှာဒေါ်လာ ဘီလျံငါးဆယ်ဖြစ်သည်။ ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများကြောင့် အမေရိ ကန်တွင် အလုပ် အကိုင်သစ် ၅.၆ သန်းပေါ်ထွန်းခဲ့သည်။ တရုတ် ရင်းနှီးမြုပ်နှံမှုမှ အလုပ်အကိုင်သစ် ပေါင်းနှစ်သန်းကျော်ပေါ်ထွန်းခဲ့သည်။ တရုတ်၏ဖိအားကြောင့် အာရှ နိုင်ငံများသည် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက် မှု ပိုမိုလာဖွယ်သည်။ယင်းသို့ အာရှနိုင်ငံများက တရုတ်၏ မဟာ ဗျူဟာမြောက် ဖိအားကို အမေရိ ကန်ဖြင့် ချိန်ခွင်လျှာညှိခြင်း သည် ရေရှည်တွင် ဖြစ်နိုင် ပါမည်လားဟု မေးစရာရှိလာသည်။ အမေရိကန် သည် ဒေသတွင်း ဖြန့်ကျက်ချထား သော စစ်အင်အားဖြင့် စစ်ရေးချိန် ခွင်လျှာ ညှိပေးနိုင်မည် ဖြစ်သော် လည်း ဒေသတွင်းနိုင်ငံများသည် တရုတ်နှင့် စီးပွားရေးအရ နက်ရှိုင်း စွာ ပတ်သက်နေရသည်။ တရုတ် ဘက်သို့လည်းကြည့်ပေးနေရသည့် အနေအထားဖြစ်သည်။ စီးပွားရေး နှင့် မဟာဗျူဟာရေးတို့ ထိပ်တိုက် တွေ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် စစ်ရေးနှင့် စီးပွား ရေးတို့အကြားအာရှ နိုင်ငံများသည် ထိန်းကစားကြရမည်ဖြစ်သည်။ ဈေးကွက်ပဋိပက္ခ ကိုယ်ကျိုးစီးပွား ကာကွယ်မှု အရှိန်အဟုန်သည် ၂ဝ၁၂ ခုနှစ် တွင် ပိုမို မြင့်မားလာနိုင်သည်။ ကိုယ်ကျိုးစီးပွား ကာကွယ်မှု ကို ဖြေ လျော့ပေးနေသည့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ဆုံးဖြတ်ချက်ကို အမေ ရိကန်နှင့်တရုတ်တို့က လိုလိုလား လားဖြစ်လာ သည်။ယင်းတို့အချင်း ချင်းပြင်ပတွင် အငြင်းပွားနေသည် ထက်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သည်သာ မျှတသည် ကို လက်ခံလာသည်။ အမေရိ ကန်-တရုတ်ကုန်သွယ်ရေး အငြင်း ပွားမှုများသည် မျှခြေတွင် ရှိလာ သည့်အတွက် အမေရိကန်ဘက်က ဥာဏပစ္စည်း အကာအကွယ်ပေး ရေး၊ ယွမ်တန်ဖိုးနည်းလွန်းနေခြင်း၊ အင်တာနက်အပေါ်အကန့်အသတ် များ လုပ်ထားခြင်းစသည့် တရုတ် အားနည်းနေသည့် အပိုင်းများကို ပစ်မှတ်ထား ဦးတည်လာသည်။ အာရှတိုက်မှ စံနမူနာ လက်ရှိ ဖြစ်ပျက်နေသော ကမ္ဘာ့ စီးပွားရေးအခြေအနေအရ အနောက်နိုင်ငံများ၏ စီးပွားရေးပုံစံ သည် စိတ်မချရသော၊ တသမတ် တည်း ဖွံ့ဖြိုးမှုကို အာမ မခံနိုင် သောပုံစံဖြစ်သည်ကို မြင်တွေ့ကြရ သည်။ ထို့ကြောင့် အနောက်စီးပွား ရေးပုံစံသည် ဖွံ့ဖြိုးဆဲ နိုင်ငံ များက စံနမူနာပြုထိုက်သည့်ပုံစံမဟုတ်ပေ။ အိန္ဒိယ၏သတင်းအချက်အလက် နည်းပညာဝန်ဆောင်မှုသည် အတု ယူဖွယ်ဖြစ်ကြောင်း၊ ဂါနာ၊ ကင် ညာ၊ နိုင်ဂျီးရီးယားတို့က ပုံတူကူး ဆောင်ရွက်နေသည်မှာ အောင်မြင် နေကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဌ ရော ဘတ်ဇိုးလစ်က ပြောဆိုသည်။ စင်ကာပူ၏ပွင့်လင်းသော ဈေး ကွက်စနစ်၊ လာဘ်စားမှုတိုက်ဖျက် ရေး၊ အခြေ အနေနှင့် အညီ ပြောင်း လဲနိုင်သော လုပ်နည်းလုပ်ဟန် များတို့သည်လည်း အတုယူဖွယ် ဖြစ်သည်ဟု သူကပြောသည်။ ပါကစ္စတန်၊ အာဖဂန်နှင့် ဗဟို အာရှဒေသတို့တွင် ဖြစ်ပွား နေသော သွေးထွက်သံယိုမှုများ ၂ဝ၁၂ ခုနှစ်တွင်ချုပ်ငြိမ်းရန် အ လားအလာမရှိပေ။ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံရေးမတည် ငြိမ်မှုတို့သည် သတင်းစာထိပ်စည်း သတင်း၏နေရာကို ဆက်ယူထား လိမ့်မည်။ သို့ရာတွင် မက်ခရို စီး ပွားရေး နှင့် စီးပွားရေး အခြေခံများ ကို ခိုင်မာစေမည်ဆိုပါက အထိုက် အလျောက် တိုးတက်လာနိုင်သည်။ ဗဟိုအာရှဒေသသည် ကုန်းတွင်း ပိတ် ဖြစ်နေသည့် အပြင် ညံ့ဖျင်း သည့် စီးပွားရေး မူဝါဒတို့ကြောင့် ဖွံ့ဖြိုး မှုနှင့်အလှမ်းဝေးနေရသည်။ ဗဟို အာရှဒေသနိုင်ငံများသည် ပြင်ပနှင့် ပူးပေါင်းဆောင်ရွက်သည် ထက် အိမ်နီးချင်းနိုင်ငံများနှင့် ပူး ပေါင်းဆောင်ရွက်နေကြသည်။ သို့ သော် အပြည်ပြည်ဆိုင်ရာ ငွေ ကြေးအဖွဲ့အစည်းများ၏အကူအညီ ကို အပြည့်အဝ ရယူနိုင် မည်ဆိုပါ က တိုးတက်မှုရှိလာနိုင်သည်။ ပါကစ္စတန်နိုင်ငံ၏ အလား အလာသည် အတော်ပင် ကောင်း မွန်သော်လည်း အားထားလောက် သည့် စီးပွားရေးမဟာဗျူဟာ မရှိ ဖြစ်နေသည်။ ပါကစ္စတန်၏ ကြွေး မြီနှင့်ဂျီဒီပီအချိုးသည် ၂ဝ၁ဝခုနှစ် တွင် ခြောက်ဆယ်ရာနှုန်း ကျော် လွန်သွားသည်။ အတိုးပေးရန် တာ ဝန်ရှိနေခြင်း၊ ငွေဖောင်းပွနှုန်းမှာ ဆယ်ဂဏန်းကျော်နေခြင်း၊ လိုငွေ ပြခြင်း၊ ရူပီးတန်ဖိုးကျခြင်းနှင့် ထုတ်ကုန် ထက်သွင်းကုန်ကများနေ ခြင်းတို့ကြောင့် နိုင်ငံရေးအခြေ အနေသည် ဆိုးရွားလာနိုင်သည်။ အနာဂတ်ဟောကိန်း အာရှဒေသတွင် စီးပွားရေး အခက်အခဲများရှိနေစေကာမူ အ နာဂတ်ကမ္ဘာ့စီးပွားရေး၏မောင်းနှင် အားဖြစ်လာလိမ့်မည်ဟု ပညာရှင် များကဟောကိန်းထုတ်နေကြသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း အရှေ့အာရှနှင့်ပစိဖိတ် ဒေသ အ တွင်း ၁၉၉ဝ ပြည့်နှစ်တွင် တစ်နေ့ လျှင် ဝင်ငွေ ၁.၂၅ ဒေါ်လာဖြင့် အသက်ရှင်နေကြသူ ၅၅ ရာနှုန်း မှ ၂ဝဝ၅ ခုနှစ်တွင် ၁၇ ရာနှုန်း သို့ လျော့ကျသွားခဲ့သည်။ နောင်လာ မည့် ခြောက်နှစ်တွင် နောက်ထပ် ဆယ်ရာနှုန်းကျဆင်းလာနိုင်သည်။ ဒေသဖွံ့ဖြိုး တိုးတက် မှု မြင့်တက် လာသည်နှင့်အမျှကမ္ဘာ့စီးပွားရေး တွင် အာရှဒေသသည် အထင်ကရ ပါဝင်လာလိမ့်မည်ဟုကမ္ဘာ့ငွေကြေး ရန်ပုံငွေ အဖွဲ့IM ၏အာရှနှင့် ပစိဖိတ်ဒေသဌာနမှူးအနွတ်ဆင်းက ဆိုသည်။ ၂ဝ၃ဝ ပြည့်လွန်နှစ်များတွင် အာရှတိုက်၏ စီးပွားရေးသည် အမေရိကန်နှင့် ဥရောပနှစ်ခုပေါင်း ထက် ကြီးမားလာ လိမ့်မည်ဟု ဟောကိန်းထုတ်သည်များလည်းရှိ သည်။ လာမည့် ဆယ်စုနှစ်များ အ တွင်း တရုတ် နှင့် အိန္ဒိယစားသုံးသူ တို့၏ ဝယ်နိုင်အားသည် အမေရိ ကန်နီးပါးရှိလာလိမ့်မည်ဟု မစ္စတာ ဆင်းက ဆိုသည်။တရုတ်၏ ဖွံ့ဖြိုး မှုနှုန်းသည် အာရှကျားများ တိုးတက် စဉ်အခါကတိုးတက်သည့်နှုန်းထက် ပိုလွန်နေသည်။ တရုတ်ပြည်တွင် လူဦးရေ တိုးပွားလာနေသည်နှင့် အမျှမြို့ပြများ သို့ ပြောင်းရွှေ့သူ ဦး ရေများပြားလာနေသည်။ ယင်း ဖြစ် စဉ်သည် ကုန်ထုတ်လုပ်မှုကို နှစ် ပေါင်းများစွာ အထောက် အကူပြုနေ မည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ဆုတ်ဆိုင်းမှု သည် ပြည်ပကုန်သွယ်မှုအပေါ် မှီခိုလွန်းသည့်အတွက်ကြောင့် ဖြစ် ရသည်။ အာရှတိုက်သည် လူဦးရေ များပြားသည့်အတွက် ပြည်တွင်း စားသုံးမှုကို မြင့်တက်စေခြင်းဖြင့် ပြည်ပကုန်သွယ်မှုကို အားကိုးရန် မလိုဘဲနေနိုင်သည်။ ပြည်တွင်းစားသုံးမှု မြင့်မား လာစေရန်ဆောင်ရွက်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့က အကြံပြုထား သည်။ ပြည်တွင်းစားသုံးမှုတိုးမြင့်နေသည့် နိုင်ငံများသည် ကမ္ဘာ့ စီးပွားရေး ရိုက်ခတ်မှုဒဏ်ကို ပို့ကုန် အားပြု ထားသောနိုင်ငံ များထက်လျော့နည်း သက်သာစွာခံရသည်။ ထို့ပြင် ဒေသတွင်းရှိ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး ဆုတ်ဆိုင်း မှုဒဏ်ကိုခံနိုင်ခဲ့ခြင်းဖြစ် သည်။ အနာဂတ်တွင် ထိုပူးပေါင်း ဆောင်ရွက်မှုတွင် တရုတ်သည် အဓိကအခန်းမှ ပါဝင်လာလိမ့်မည် ဟု ဆိုသည်။ သို့သော် ကမ္ဘာသည် ရွာဖြစ် လာနေသည့်အချိန်တွင် ပြည်တွင်း ဈေးကွက်သည် ကမ္ဘာ့ဈေးကွက်နှင့် တစ်နည်း မဟုတ် တစ်နည်း ပိုမိုပတ်သက်လာရသည်။ ပြည်တွင်းရှိ ဟော်တယ်များသည် တစ်ချိန်က ပြည်တွင်းခရီးသွားများသာ လာ ရောက် တည်းခိုကြသော်လည်း ကူး လူးဆက်ဆံမှု တိုးတက်များပြား လာသည်နှင့်အမျှနိုင်ငံခြားဧည့်သည် များ ရောက်လာ ကြသည်။ နိုင် ငံခြား ခရီးသွားများကိုအမှီပြုလျက်လုပ်ငန်း ကြီးထွားလာရသည်။ ရုတ်တရက် နိုင်ငံခြားသားများ အလာကျဲသွား သည့်အခါလုပ်ငန်း ကမောက်ကမ ဖြစ်ရပြန်သည်။ ထို့ကြောင့် ပြည် တွင်းဝယ်လိုအားကို ပျိုးထောင် ပေးထားရန်လိုအပ်သည်ဟုငွေကြေး ရန်ပုံငွေ အဖွဲ့ကအကြံပြုထားသည်။ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ နိုင်ငံများသည် တစ်ခုတည်းသော ဈေးကွက်အဖြစ် တည်ရှိလာသော အခါ ကမ္ဘာ့တန်းမီ စီးပွားရေး အင် အားစုတစ်ခုအဖြစ် ဖွံ့ဖြိုးလာမည် ဖြစ်သည်။ အာရှစီးပွားရေး၏ အား သာချက်တစ်ခုမှာ ဖွံ့ဖြိုးမှုသည် အ လွန်အမင်းကြီးထွား လာခြင်းမျိုးမဟုတ် ဘဲ အေးအေးနှင့်မှန်မှန်တိုးတက်နေ ခြင်းကြောင့်ရိုက်ခတ်မှုများကိုကြံ့ကြံ့ ခံနိုင်ခြင်းဖြစ်သည်ဟု အိုင်အမ် အက်ဖ် က ဆိုသည်။ အာရှတိုက် ဖွံ့ဖြိုးလာနေမှု သည် သာမန်အပေါင်းအနုတ် ဖော် မြူလာမဟုတ်။ ငါမြတ်လျှင် သူရှုံးရ မည်ဆိုသော သမားရိုး ကျဖော်မြူ လာ မဟုတ်။ အာရှတိုက်ဖွံ့ဖြိုးလာ သည့်အတွက် အမေရိကန် နှင့် ဥရောပတို့ရှုံးရမည်မဟုတ်။ အာရှ ၏ဖွံ့ဖြိုးမှုသည် ကမ္ဘာ့အခြားနေရာ ရှိနိုင်ငံများ၏ဖွံ့ဖြိုးမှုကို အထောက် အကူဖြစ်စေမည်ဟုစီးပွားရေးပညာ ရှင်အများအပြားကယုံကြည်ကြသည်။ နယ်စည်းမခြားပြဿနာများ ဖြစ်သည့် အိုမင်းမစွမ်းသူများ တိုး ပွားလာမှု၊ ရာသီဥတုဖောက်ပြန်မှု စသည့်ကိစ္စရပ်များ ကို နိုင်ငံ အားလုံး က လက်တွဲညီညီ ဖြေရှင်းကြရာ တွင် အာရှတိုက်သည် အဓိက နေ ရာမှ ပါဝင်ရလိမ့်မည်။ ပူးပေါင်း ဆောင်ရွက် ကူညီ ရိုင်းပင်းမှုသည် အာရှတိုက်၏ပဋိသန္ဓေပါ ဝိသေသ ဖြစ်သည်။အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်သောကြောင့် ကမ္ဘာ့ စီးပွားရေး ဆုတ်ကပ်ကို ကြံ့ကြံ့ခံနိုင် ခြင်းဖြစ်သည်။ အာရှတိုက်၏ စီးပွားရေး အနေအထားတွင် တီထွင်ဖန်တီး နိုင်မှု အားနည်းနေလျက်ရှိသည်ကို ပညာရှင်များ ကထောက်ပြကြ သည်။ အရှိန်အဟုန်နှင့်ရှေ့မှပြေးနိုင်သည့် အနေအထားမျိုးလောလောဆယ် တွင် မရှိသေးပေ။ ကမ္ဘာ့စီးပွားရေး ကို ဦးဆောင်ဦး ရွက်ပြုရန် အသင့် မဖြစ်သေးပေ။ အာရှတိုက်၏ အလားအလာ ကောင်းများအပေါ် ပြင်ပမှ ရိုက် ခတ်လာနိုင်သည့် အကျိုးဆက်များ ကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း လိုအပ် နေသည်။ အာရှတိုက်သည် ဖြည်း ဖြည်းနှင့် မှန်မှန်တိုးတက်နေသည် မှာ မှန်သော်လည်း ကြီးကြီးမားမား ရိုက်ခတ်မှု များ ဖြစ်ပေါ်လာပါက မည်မျှတောင့် ခံနိုင်မည်ကို မည်သူ မျှ မပြောနိုင်ပေ။ အစဉ်ခေတ်မီနေရန်လိုအပ်ခြင်း ထိုင်းဝန်ကြီးချုပ်ရုံး ကုန်သွယ် ရေးကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင်အိုလန်ချိုင်ပရာဗတ်က ''ကျွန်တော်တို့ရဲ့ စက်မှု အခြေခံ အဆောက်အအုံ နဲ့ လုပ်ငန်း ပုံစံ Business Model တွေ စဉ်ဆက် မပြတ် အဆင့်မြှင့်နေဖို့လိုတယ်'' ဟု ဆိုသည်။ ဈေးပေါသော လုပ် အားခဖြင့် ထိုင်းစီးပွားရေးတိုးတက် ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဈေးပေါသော လုပ် အားခဟူသည် ထိုင်းတွင်မရှိတော့။ ထို့ကြောင့် ပေါ်လစီအသစ်ချ မှတ် ရန် လိုအပ်နေကြောင်း ချိုင်ပရာ ဗတ်က ပြောသည်။ ဈေးချိုသော လုပ်သားများကို အိမ်နီးချင်းနိုင်ငံများမှ အများဆုံး ရရှိပြီး ထိုင်းစီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ အသစ်ချ မှတ်ရ မည့် လုပ်သားပေါ်လစီသည် အိမ် နီးချင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်လာ မှုနှင့်လိုက်လျောညီထွေရှိရမည်ဟု ချိုင်ပရာဗတ် က ဆိုသည်။ အေးထွန်းမင်း

No comments:

Post a Comment