ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။
အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။
တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် ဘာသာသာသနာကို စောင့် ရှောက်သင့်ပါတယ်။
ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့တဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ ဒီလိုလုပ်ဖို့ အလုပ်တာဝန်အရအမိန့် ပေးနေရင်တောင်....လူဖြစ်နေတဲ့ အ တွက်...ပိုပြီးမလုပ်သင့်ပါဘူး။
ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တ ရားပါ။ ထားကောင်း ပါတယ်။ ထားသင့်ပါတယ်။
အခုလို မီးနဲ့ ရှို့ တိုက်ရပါသလား((( လူသားစိတ်ထားပါ ....သမ္မတ ကြီး)))((( လူသားစိတ်ထားပါ ....သမ္မတ ကြီး)))


တကယ်လို့သာ ဒီနေရာမှာ သူတို့ တွေမဟုတ်ဘဲ ကျနော်ဖြစ်ခဲ့ ရင်ကော.. ဒီလူတွေ လို ဒီလိုလုပ်ရဲ ပါ့မလား။
စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။
နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့။
ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။ သာသာနာရဲ့ သားတော်ကိုဖျက်ဆီးဟာ..ကိုယ့်မိခင်ဖခင်ကို မီးနဲ့ ရှို့ နေတာနဲ့ တူတူပါဘဲ...။





ပြည်သူတွေ ကျွေးတြ့ ထမင်းကို စားပြီး..ပြည်သူနြ့ မိခင်ဖခင်နဲ့ တူသူကိုစော်ကားနေတာ....
မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပါယ်ရှိတဲ့ အလုပ်ကို လုပ်ပါ။
တပ်မတော်သား တွေထဲမှာလည်း လူသားထဲက လူသား တွေပဲမို့ ဘယ်ဟာ မှန်တယ် ဘယ်ဟာ မှားတယ် ဆိုတာ ခွဲခြားနားလည်းတဲ့ လူသားစိတ် တွေအများကြီး ရှိနေပါတယ်။ကျေးဇူးပြု၍ … ကိုယ် မိသားစု ပတ်ဝန်းကျင် မိတ်ဆွေ တွေထဲက.. စစ် မူထမ်း အရာထမ်းေ တွကို
ဒီလို လူသားချင်း ရက်ရက်စက် စက် ..လက်နက် ချင်း မညီ.. တဖက်သတ် ..ပစ်သတ်ရက်တာ..
မတရား တဲ့ အမိန့် တွေကို မျက်စိမှိတ်ပီး လိုက်နာ နေတာ … မဖြစ်သင့်ပါဘူး။
တခု ခု တော့ စဥ်းစားပေးကြပါလို့ .. ..ဖုန်းခေါ် မေးမြန်းရင်း..သူတို့ရဲ့ အမြင်မှန် ဆန္ဒမှန်တွေကို ..ထုတ်ဖော် ပွားများပေးကြပါလို့။((( လူသားစိတ်ထားပါ ....သမ္မတ ကြီး)))
Credit ...ပုံများကို Eleven Media Group မှယူသည်။
Mg Mandalay မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment