Friday, November 30, 2012

ရန်ကုန်ဆန္ဒပြသံဃာများ အချက်ငါးချက်တောင်းဆို

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၇ မိနစ်

ရန်ကုန်မြို့ ဆူးလေရှိ မြို့တော်ခန်းမရှေ့တွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုတွင် ဆန္ဒပြသံဃာများက အချက်ငါးချက်ကို တောင်းဆိုလိုက်သည်။

ထိုငါးချက်မှာ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချွင်းချက်မရှိ ချက်ချင်းရက်ရန်၊ ထိုဒေသတွင် မီးလောင်ဗုံးများဖြင့် ရဟန်းနှင့် ပြည်သူများအား အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူပေးရန်၊ မီးလောင်ဗုံးထိမှန်သော ရဟန်း၊ပြည်သူများအား အစိုးရမှ အန္တရယ်ကင်းသည်အထိ တာဝန်ယူ ဆေးကုသပေးရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရပ် နိုဝင်ဘာ ၂၆ရက်နေ့က ဆူးလေတွင် ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် အဖမ်းခံရသော  ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု နှင့် အခြားသူများအား ချွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန်၊ ၀မ်ပေါင်ကုမ္ပဏီ ချက်ချင်းထွက် စသောအချက်များဖြစ်သည်။

ထိုအချက်များကို သမ္မတဦးသိန်းစိန်မှ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုထားပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်ခြင်းမရှိပါက သမ္မတရာထူးမှ ထွက်ပေးရန်လည်း တောင်းဆိုကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သော မကွေးစာသင်တိုက် (ဒဂုံအရှေ့ပိုင်း)မှ အရှင်ပါမေက္ခက မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်မှုကို ယနေ့ညနေ ၄နာရီမှ ၅နာရီ ၄၉မိနစ်အထိ ရန်ကုန်မြို့ ဆူးလေ မြို့တော်ခန်းမရှေ့တွင် သံဃာ အပါး ၅၀ကျော်နှင့် လူ၂၀ခန့်ဆန္ဒထုတ်ဖော်ခဲ့သည်။

No comments:

Post a Comment