Thursday, December 6, 2012

"ကမ္ဘာ့ အကျင့်ပျက်ခြစားမှု အများဆုံး ငါးနိုင်ငံတွင် မြန်မာပါဝင်နေဆဲဖြစ်"


ကမ္ဘာတစ်ဝန်းရှိအကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်လေ့လာနေသော Transparency International အဖွဲ့ကြီးမှ ၂၀၁၂ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုဆိုင်ရာစာရင်းကိုထုတ်ပြန်လိုက်ရာ ... မြန်မာနိုင်ငံ သည် နံပါတ် ၁၇၂ နေရာတွင်သာရှိနေသေးကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုတေသနပြုစစ်တမ်းကောက်ယူထားရာ အကျင်းပျက်ခြစားမှု အနည်းဆုံး နိုင်ငံအဖြစ် ဒိန်းမတ်၊ ဖင်လန်နှင့် နယူးဇီလန် နိုင်ငံတို့က နံပါတ် ၁ နေရာရခဲ့သည်။စင်ကာပူနိုင် ငံမှ နံပါတ် ၅ နေရာချိတ်ပြီး၊ မလေးရှားမှ နံပါတ် ၅၄၊ တရုတ်မှာ နံပါတ် ၈၀၊ ထိုင်းမှာ နံပါတ် ၈၈၊ အိန္ဒိယ မှာ နံပါတ် ၉၄ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား နှင့် ဆိုမာလီ တို့ဖြစ်ပြီးနံပါတ် ၁၇၄ ဖြစ်ကာ၊ ဆူဒန်နိုင်ငံမှ နံပါတ် ၁၇၃ ဖြစ်ကြောင်းသိရသည်။ နံပါတ် ၁၇၂ ဖြစ်သည့် မြန်မာနိုင်ငံမှာကမ္ဘာ့ အကျင့်ပျက်ခြစားမှု အများဆုံး ငါးနိုင်ငံတွင်ပါဝင်နေဆဲဖြစ်ကြောင်းသိရသည်။

ref: Transparency International
popular myanmar news journal

No comments:

Post a Comment