Tuesday, July 12, 2011

နအဖစစ်အုပ်စုရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် 
သစ္ပာဖောက်ပါတီကိုယ်စားလှယ်တွေကို 
အသိအမှတ်ပြုဖိတ်ခေါ်ခဲ့တဲ့ 
ဂျပန်အစိုးရ ရဲ့ လုပ်ရပ်ကို ဆန့် ကျင်ကြောင်း စီတန်းလှည့်လည် ဆန္ဒပြပွဲ
(Mikawadai ပန်းခြံမှ  - Hibiya ပန်းခြံအထိ)
11.7.2011















ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၌
စစ်မှန်သောဒီမိုကရေစီပေါ်ထွန်းရေးအတွက် ဖော်ဆောင်ပေးမည့်အစား စစ်တပ်က နိုင်ငံရေးတွင် လက်ဝါးကြီးအုပ်ချုယ်လှယ်ခွင့်ကို တရားဝင်အသိအမှတ်ပြုရန်ဖော်ဆောင်မည့်ရွေးကောက်ပွဲဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ထားသည်။
    ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာအနိုင်ရပါတီများအား ဂျပန်သို့လာရောက်ရန် ဂျပန်အစိုးရက
ဖိတ်ခေါ်ခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုသလိုဖြစ်သည့်အတွက် ပြင်းထန်စွာကန့်ကွက်ရန် 
အထူးလိုအပ်ပေသည်။
    ဂျပန်အစိုးရ၏ အဆိုပါ လုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ထုတ် ပြသမှုအဖြစ်
စုပေါင်း ၊စီတန်းလှည့်လည် ဆန္ဒပြပွဲကို 
မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) NDB (japan) ဦးစီး၍
ယနေ့ ဇူလိုင်လ ၁၁ရက်နေ့ တနင်္လာနေ့ mikawadai ပန်းခြံတွင် နေ့လည် ၁နာရီခွဲ စု၍
နေ့လည် ၂ နာရီတွင် အခမ်းအနားစကာ 
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအရှေ့ဖြတ်၍ Hibiya ပန်းခြံအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြရာ ဂျပန်ရောက် မြန်မာနိုင်ငံသား အယောက် (၂ဝဝ) ခန့်တက်ရောက်ခဲ့ကြပါသည်။

 သတင်း။    ။ အလင်းအိမ်
ဓါတ်ပုံမှတ်တမ်း။    ။ U Than Win 
video and youtube by myanmar8888 (maungwto)



No comments:

Post a Comment