၆၄ နှစ်မြောက်
အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား
အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား
စစ်အခွန်ရုံးရှေ့ ,shinnagawa (tokyo)
19.7.2011
မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီး ၉ ဦးတို့ဟာ တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံမှုကြောင့် ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်၊
ထိုသို့  ခေါင်းဆောင်များ လုပ်ကြံခံရသောနေ့ ကို မြန်မာနိုင်ငံသားအပေါင်းတို့ က တညီတညွတ်တည်း ဂုဏ်ပြုကာ အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပါတယ်။
ယနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးစီးကျင်းပကာ
ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် အဖွဲ့ အစည်အသီးသီးမှ မြန်မာနိုင်ငံသားများက shinnagawa (tokyo) ရှိ စစ်အခွန်ရုံးရှေ့ တွင် ကျင်းပကာ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား
လွမ်းသူ့ ပန်းခွေများဖြင့် ဂါဝရပြု ဦးညွတ်အလေးပြုခဲ့ ကြပါသည်။
သတင်း။ ။ အလင်းအိမ်
ဓါတ်ပုံ။ ။ Aye Thike
ဓါတ်ပုံ။ ။ Aye Thike
No comments:
Post a Comment