အိန္ဒိယ အာကာလေ့လာရေးအဖွဲ့ (ISRO)မှ ထောက်လှမ်းရေး ဂြိုလ်တု အောင်မြင်စွာလွတ်တင် နိုင်ခဲ့သည်ဟု ၂၆ရက်နေ့  ဆိုပါသည်။ PTI သတင်းအရ မိုးလေ၀သ တိုင်းထွာရေးဂြိုလ်တုဟု သိရပါသည်။
(ISRO) မှ အမည်မဖော်လိုသူ တဦးအဆိုအရ ကောက်ပဲသီးနှံနှင့်၊ သဘာဝဘေးအန္တရယ် စောင့်ကြည့် လေ့လာရေးအတွက်သာ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာများတွင် သုံးစွဲရန်ရည်ရွယ်ချက်မရှိဟု ဆိုပါသည်။
အိမ်နီးချင်း ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ ကို စောင့်ကြည့်ရာတွင် အသုံးပြုဖွယ်ရှိဟု ခန့် မှန်းပြောဆို ချက်များလည်း ရှိနေပါသည်။ ၂၀၀၉ခုနှစ်တွင် အစ္စရေးနိုင်ငံလုပ် ဂြိုလ်တုတလုံးလည်း လွတ်တင်ခဲ့ပါသည်။
ကျိုဒို
No comments:
Post a Comment