ပါကစ္စတန် ဗဟိုတရားရုံး ပါကစ္စတန် သမ္မတအား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ပါကစ္စတန်သတင်းက ဆို ပါသည်။ အကျင့်ပျက်လဒ်စားမှုနှင့် တရားစွဲဆိုထားမှုအပေါ် ပြန်လည်ကြားနာစစ်ဆေးခြင်းအမိန့် တွင် လိုက်နာခြင်းမရှိသည့်အတွက် တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် အပြစ်ရှိကြောင်း ချမှတ်လိုက်သည်။ ထို့ အတွက် လွတ်တော်အမတ်နှင့် သမ္မတရာထူးမှ ဆင်းပေးရန် ဖွယ်ရှိသည်ဟု ဆိုပါသည်။
သမ္မတသည် သြဇာအာဏာကြီးမားသည့် စစ်တပ်အရှိန်အ၀ါရှိသူဖြစ်ပြီး၊ ယခုကဲ့သို့  ဆုံးဖြတ်ချက်အ အပေါ်တွင် လက်ရှိအစိုးရအဖွဲ့ အတွင်း ၀ရုန်းသုန်းကား၊ အုပ်ထိန်းမရဖြစ်နိုင်ဖွယ်နှင့် ရှုပ်ထွေးလာ ဖွယ်ရာရှိ
နိုင်ပြီး လက်ရှိအာဏာရပါတီ (PPP)တွင်လည်း အကြီးအကျယ် ထိခိုက်မည်မှာ သေချာနေပါသည်။
တာဝန်ထမ်းဆောင်ဆဲ သမ္မတအား ပြစ်ဒဏ်ချမှတ်ခြင်းသည် ပါကစ္စတန်နိုင်ငံတွင် ပထမဦးဆုံး အကြိမ် ဖြစ်ပြီး အစိုးရအဖွဲ့  အုပ်ချုပ်ရေးမအောင်မမြင်နိုင်စရာ အချိန်ကြာရှည်နိုင်ဖွယ်ရှိပါသည်။
ကျိုဒို
No comments:
Post a Comment