Sunday, April 29, 2012

မြန်မာ့အရေး ကြားဝင် စေ့စပ်ပေးရန် UNFC တောင်းဆို

            ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မြန်မာ့အရေးကြားဝင်စေ့ စပ်ပေးရန် ဂျပန်အစိုးအား တောင်းဆိုကြောင်း သတင်းထောက်များအား တိုကျိုတွင် ရှင်းလင်းပြောကြား သွားပါသည်။ ဂျပန်အစိုးရအနေနှင့် မြန်မာအစိုးရအပေါ်တွင် ငွေကြေးအကူအညီအားဖြင့် သြဇာသက်ရောက် မှုရှိသောကြောင့်   မြန်မာအစိုးနှင့် UNFCတို့ အကြား ဂျပန်အနေနှင့် ကြားဝင်စေ့စပ်ပေးပါက ပြေလည်နိုင်    
ကြောင်း တောင်းဆိုမှုအပေါ် နိုင်ငံရေးဝန်ကြီးဌာမှ (ယခုအချိန်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ ကို စောင့်ကြည့်နေရမဲ့အချိန်ဖြစ်တယ်လို့ ) ယခုလို ပြန်လည် ဖြေကြားသွားပါသည်။
            နိုင်ငံခြားဝန်ကြီးဌာန အရာရှိ နာကာနိုမှ ယခု သိန်းစိန်အစိုးရအနေနှင့် မြန်မာပြည်သူများ လိုလား ချက်ကို ပြောင်းလဲပေးမည် ကမ္ဘာအဖွဲ့ အစည်းက ယုံကြည်ကြောင်း၊ ပြည်ပအင်အားကို အားကိုးမနေဘဲ၊ ကိုယ့်
လူမျိုးအချင်းချင်းကြား အဖြေကို ရှာဖွေကြည့်ပါရန် ပြောဆိုသွားပါသည်။
            ဂျပန်အစိုးရမှ စိုက်ထုတ်ချေးငွေသည် မြန်မာအစိုးရလက်သို့  ပေးအပ်မည်ဆိုပါက တိုင်းရင်းသား
လက်ဝယ်သို့ ရောက်ရှိမည်မဟုတ်။ ထို့ အတွက် အန်ဂျီအိုမှတဆင့် ပြုလုပ်ဆောင်ရွက်ပေးစေလိုကြောင်း UNFCမှ ထပ်မံတောင်းဆိုမှုအပေါ် ဂျပန်အစိုးရအနေနှင့် စဉ်းစားမည်ဟု ပြန်လည်ပြောကြားလိုက်ပါသည်။
 
မိုင်းနိချိ ရှင်းဘွန်း

No comments:

Post a Comment