အသက်အရွယ်အားဖြင့်
၅၇ နှစ် သာရှိသေးတဲ့ ဖရန်ဆွာ ဟော်လန်ဒေး - Francois Hollandeံသူညေိန ဟာ
မေလ ၆ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲမှာ နီကိုလပ် ဆာကိုဇီ
- Nicolas Sarkozy အပေါ် အနိုင်ရလိုက်ပြီး ပဉ္စမမြောက် ပြင်သစ်
သမ္မတနိုင်ငံတော်ရဲ့ သတ္တမမြောက် သမ္မတဖြစ်လာခဲ့ပါတယ်။
တစ်နည်းပြောရင်တော့ ၁၉၉၅ ခုနှစ်ကစပြီး နောက်ထပ် သမ္မတ ရာထူးရရှိခဲ့တဲ့
ဆိုရှယ်လစ်တစ်ဦးလဲ ဖြစ် တယ်။ ပထမဆုံး ဆိုရှယ်လစ် သမ္မတ ဖြစ်ခဲ့သူက
ဖရန်ဆွာမီထရောင်း- Francois Mitterand ဖြစ်တယ်။ ၁၉၈၁ ခုနှစ်ကနေပြီး ၁၉၉၅
ခုနှစ် အထိ သမ္မတသက်တမ်း နှစ်ဆက် တိုင်တိုင် ပြင်သစ်နိုင်ငံကို စိုးမိုးထား
နိုင်ခဲ့တယ်။
ကမ္ဘာ့ပဉ္စမ အကြီးမားဆုံး စီးပွား ရေးကို ကြိုးကိုင်ခြယ်လှယ်ခွင့် ရလာ ခဲ့တဲ့ သမ္မတသစ်က သူ့ကိုယ်သူ သာမန် သမ္မတ- President Normal ပါလို့ဆိုတယ်။ ဒါပေမယ့် ပြင်သစ် နိုင်ငံမှာရော ဥရောပတစ်ခွင် တစ်ပြင် မှာပါ အခြေအနေကတော့ သာမန် အနေအထားမဟုတ်ဘူး။ ဆာကိုဇီနဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkelတို့က တစ်ကျိတ်တည်း တစ်ဥာဏ် တည်း ပူးပေါင်းဖော်ဆောင် ခဲ့ကြတဲ့ ခြိုးခြံချွေတာရေး မူဝါဒတွေကြောင့် ယူရိုဇုန်က ပြည်သူတွေ မရွှင်မပျ ဖြစ်နေ ကြတဲ့အပြင် ဒေါသ အမျက် ချောင်းချောင်းထွက်နေကြတယ်။ ''ဥရောပရဲ့ မြို့တော်အားလုံးမှာ အစိုးရအကြီးအကဲတွေ၊ နိုင်ငံ့ ခေါင်း ဆောင်တွေကို ကျော်လွန်ပြီးတော့ အများပြည်သူတွေက ခြိုးခြံချွေတာ ရေး အစီအမံတွေကို အဆုံးသတ်ပေး ဖို့ မျှော်လင့်ချက်ကြီးစွာနဲ့ ကျွန်ုပ်တို့ ကို အားကိုးတကြီး စောင့်ကြည့် နေ ကြတယ်။ ဥရောပ တစ်ခုလုံးက စောင့်ကြည့်နေကြတာပါ။ ခြိုးခြံချွေ တာရေး အစီအစဉ်တွေက ကျွှန်ုပ်တို့ အတွက် တစ်ခု တည်းသော ရွေးချယ် စရာမဟုတ်တော့ပါဘူး။'' ဒါက ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် ပါရီမြို့တော်မှာ ပြောကြား ခဲ့တဲ့ ဟော်လန်ဒေးရဲ့ မိန့်ခွန်းထဲက ကောက်နုတ် ချက်ပါ။ တကယ်တော့ ၂ဝဝ၉ ခုနှစ် ဂရိ ကြွေးမြီပြဿနာ စတင်ခဲ့ချိန်ကစပြီး ဥရောပ အခွန်ဘဏ္ဍာ မူဝါဒကို လွှမ်း မိုးထားခဲ့တဲ့ ခြိုးခြံချွေတာရေး ဝါဒ သဘောထားနဲ့ ပတ်သက်ပြီး ပေါ် ထွက်လာခဲ့တဲ့ နောက်ပေါက် အတွေး အမြင်တွေဟာ ပြင်သစ် တစ်နိုင်ငံ တည်းမှာသာ ဖြစ်ပေါ်ခဲ့တာ မဟုတ် ပါဘူး။ ဥရောပ တစ်ခွင်တစ်ပြင် နေရာအနှံ့အပြားမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင် ဝန်ကြီးချုပ် David Cameron ရဲ့ ကွန်ဆာဗေး တစ်ပါတီဟာ ဒေသန္တရ ရွေးကောက် ပွဲတွေမှာ မရှုမလှ ရှုံးနိမ့်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရရဲ့ အသုံးစရိတ်တွေနဲ့ လူမှုဖူလုံရေး ထောက်ပံ့ကြေးတွေ ကို ဖြတ်တောက် လျှော့ချ ခဲ့မှုအပေါ် မကျေနပ်လို့ မဲဆန္ဒ ရှင်တွေက ကန့်ကွက် ဆန္ဒမဲပေးခဲ့ ကြတဲ့အတွက် ဖြစ်တယ်။ အီတလီနိုင်ငံမှာလဲ အခွန်ဘဏ္ဍာ ခြိုးခြံချွေတာရေး အပေါ် မဲဆန္ဒရှင် တွေရဲ့ မကျေနပ်မှုတွေဟာ ဗလုံစီ တက်လာခဲ့ပြီး ခြိုးခြံချွေတာရေးအစီ အမံတွေကို ကန့်ကွက်ကြတဲ့ ပါတီ တွေကို ပုံအော ထောက်ခံအားပေးခဲ့ ကြတယ်။ ပါတီတစ်ခု ရဲ့ ခေါင်း ဆောင် ဟာသမင်းသားကြီးက အီ တလီနိုင်ငံ အကြွေးပြန်မဆပ်နိုင်တာ ကို မြင်ချင်တယ်လို့တောင် ဟောပြော ခဲ့သေး တယ်။ ပြင်သစ်နဲ့ တစ်နေ့တည်း တစ် ပြိုင်တည်း ကျင်းပခဲ့တဲ့ ဂရိရွေး ကောက်ပွဲမှာလဲ ခြိုးခြံချွေတာရေး မူဝါဒတွေ ကို ထောက်ခံအားပေးခဲ့ကြ တဲ့ ပါတီတွေကို မဲဆန္ဒရှင်တွေက စွန့်ပယ်ခဲ့ကြတယ်။ ဂရိပြည်သူတွေ က ပါလီမန်ရွေးကောက်ပွဲတွေမှာ အာ ဏာရပါတီတွေကို ဒဏ်ခတ်တဲ့အနေ နဲ့ ဆန့်ကျင်ဘက် ပါတီတွေကို မဲ ပေးခဲ့ကြတဲ့အတွက် ဂရိနိုင်ငံရေး လောက တစ်ခုလုံး အိုးနင်းခွက်နင်း နဲ့ကသောင်းကနင်းဖြစ်ကုန်တယ်။ ဥရောပ ခေါင်းဆောင်တွေ အထူးသဖြင့် Merkel အနေနဲ့ ခြိုးခြံ ချွေတာရေး မူဝါဒတွေ အရေးနိမ့်ခဲ့ ပြီဆိုတာ နားလည်သဘောပေါက်သင့် တယ်လို့ ရွေးကောက်ပွဲမှာ ဒုတိယ အများဆုံးမဲရခဲ့တဲ့ လက်ဝဲပါတီ ခေါင်းဆောင် Alexis Tsipras က ကြွေးကြော်ခဲ့တယ်။ တကယ်တော့ ဂရိရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အစိုးရဖွဲ့နိုင်လောက်အောင် မဲအသာ စီးမရခဲ့ကြတဲ့အပြင် ပါတီ တစ်ခုနဲ့ တစ်ခု သဘောချင်းမတိုက်ဆိုင်ကြလို့ ညွန့်ပေါင်းအစိုးရဖွဲ့လဲ မဖွဲ့စည်းနိုင်ခဲ့ ကြဘူး။ ဒါနဲ့ ရွေးကောက်ပွဲကို ဇွန်လ ၁၇ ရက်နေ့ ပြန်လည်ကျင်းပဖို့ သတ်မှတ်ထားကြတယ်။ အရင်ကဆိုရင် ဂရိနိုင်ငံရေး လောကကို PASOK ပါတီနဲ့ New Democracy ပါတီတို့က ကြီးစိုးခြယ် လှယ်ထားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် မေလ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ နှစ်ပါတီ ပေါင်းတာတောင် မဲက ထက်ဝက်မကျော်ဘူး။ ၃၂ ရာခိုင်နှုန်း ပဲရှိတယ်။ ဒါကြောင့်ဒီပါတီတွေ ပူး ပေါင်းပြီး အစိုးရ မဖွဲ့နိုင်ခဲ့ကြဘူး။ ထူးခြားတာကတော့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေဟာ လက်ဝဲပါတီတွေကို မဲပေးခဲ့ကြတဲ့ အပြင် ဖက်ဆစ်လက်သစ်ပါတီဖြစ်တဲ့ Golden Dawn ပါတီကိုတောင် မဲ အတော်များများပေးခဲ့ကြတယ်။ ဂရိပြည်သူတွေဟာ သူတို့ အပေါ် ခြိုးခြံချွေတာရေး အစီအမံ တွေနဲ့ အုပ်ချုပ်ခဲ့ကြသူတွေအပေါ် ဘယ်လောက်အထိ နာကြည်းနေ ကြသလဲဆိုတာ အင်မတန်ပေါ်လွင် ထင်ရှားတယ်။ ဟုတ်ပါတယ်။ ဂရိ ပြည်သူတွေအနေနဲ့ နာကြည်းမယ် ဆိုရင်လဲ နာကြည်းလောက်ပါတယ်။ လောလောဆယ် ဂရိနိုင်ငံမှာ အလုပ် လက်မဲ့နှုန်းက ၂၁ ရာခိုင်နှုန်းရှိတယ်။ ပြဿနာ တက်လာ ချိန်ကစပြီး ဒီ ကနေ့အထိ အလုပ်ပိတ်သိမ်းလိုက်ရ တဲ့ အသေးစား စီးပွားရေးလုပ်ငန်း တွေက ၁ဝဝဝဝဝ ကျော်တယ်။ လုပ်ခတွေ၊ လစာတွေ၊ ပင်စင်တွေ အားလုံးဖြတ်တောက်ခံထားကြရ တယ်။ အိုးမဲ့အိမ်မဲ့တွေ တိုးပွားလာ တယ်။ အစိုးရ အစီရင်ခံစာ အရ နှစ်နှစ်ကာလအတွင်း ကိုယ့်ကိုယ်ကို သတ်သေသူတွေ အနည်းဆုံး ၄ဝ% လောက် ခုန်တက်လာတယ်။ ဒါကြောင့် ဂရိပြည်သူတွေ လမ်း မပေါ်ထွက်ပြီး ဟစ်ကြွေးဆန္ဒပြကြ တယ်။ ရဲတွေနဲ့ ထိပ်တိုက် တိုက်ပွဲ ဆင်ကြတယ်။ ဘဏ်တွေကိုခဲနဲ့ ပစ် ပေါက်ကြတယ်။ ဂရိပြည်သူတွေရဲ့ ခံစားချက်က အတောမသတ်နိုင် အောင် ပေါက်ကွဲ ဒေါသထွက်လျက်ရှိ တယ်။ ရှေ့ဆက်ဘာလုပ်ကြမလဲ။ ခြိုးခြံချွေတာရေး လမ်းစဉ်ကို ကိုင်စွဲ ပြီး ရှေ့ဆက်သွားမလား။ ဒါမှမဟုတ် ဒီခြိုးခြံချွေတာရေး လမ်းစဉ်ကို ဘာနဲ့ အစားထိုးနိုင်မလဲ။ ခြိုးခြံချွေတာရေး မူဝါဒ ပြင်ဆင်ရေး လေ့လာသုံးသပ်ကြသူ တွေက တညီတညွတ်တည်း ဆုံးဖြတ်ချက် တစ်ခုချမှတ်ခဲ့ကြတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ ဥရောပက မဲဆန္ဒရှင်တွေက ခြိုးခြံချွေတာရေး Austerity ကို ပစ်ပယ်ကြတယ် ဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ခြိုးခြံချွေတာရေးကို ဘယ်သူကမှ လက်မခံဘူး။ ဘယ်သူကမှမကြိုက် ဘူးဆိုတာ ထင်ရှားတယ်။ ခါးသီးတဲ့ ခြိုးခြံချွေတာရေး ဆေးလုံးကို မသောက်ချင်ပါဘူးလို့ ငြင်းဆန်နေကြတဲ့ ယူရိုဇုန်ပြည်သူ တွေရဲ့ လည်ချောင်းတွေထဲ အတင်း အဓမ္မ သွတ်သွင်းပြီး မျက်စိစုံမှိတ် မျိုချခိုင်းတဲ့အဓိက တာဝန်ရှိသူက ဂျာမနီ ဝန်ကြီးချုပ် မာကယ်ဖြစ် တယ် လို့ လက်ညှိုးထိုးခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဂရိရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရရှိခဲ့တဲ့ Syriza ပါတီရဲ့ ခေါင်းဆောင် Alexis Tsipras က ခြိုးခြံချွေတာရေး အစီ အစဉ်ကို သူလက်မခံဘူးလို့ အတိ အလင်း ပြောဆိုခဲ့တယ်။ သူ ဝန်ကြီး ချုပ်ဖြစ်လာခဲ့ရင် ဂရိနိုင်ငံဟာ ယူရို က ထွက်မယ်လို့ ရှင်းရှင်းလင်းလင်း ပဲ ပြောကြားခဲ့တယ်။ ၂ဝ၁ဝ စက်တင်ဘာလနဲ့ ၂ဝ၁၁ နိုဝင်ဘာ လအကြား ဂရိဝန်ကြီးချုပ်ဖြစ်တဲ့ George Tapandreou ကလဲ အဲဒီ အချိန်တုန်းက ယူရိုဇုန်က နုတ် ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့သေး တယ်။ ဒါပေမယ့် ဆာကိုဇီက အကြီးအကျယ် ဝေဖန် ထိုးနှက်ခဲ့တဲ့ အတွက် Papandreou အနေနဲ့ နောက်ဆုတ် ပေးခဲ့ရတယ်။ ဆာကိုဇီဟာ မာကယ်ဘက် လိုက်ပြီး အကျိုးဆောင် ပေးခဲ့မှု ကြောင့် သူလဲ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ မာ ကယ့်အနေနဲ့ လူကြိုက်နည်းတဲ့ ခြိုး ခြံချွေတာရေး အစီအမံတွေကို တစ် နည်းတစ်ဖုံ ပြုပြင်ပြောင်းလဲသင့် တယ်လို့ အချို့က ထောက်ပြကြ တယ်။ ပြင်သစ်သမ္မတသစ် ဟော် လန်ဒေးကတော့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေနဲ့ တွဲဖက်ထားသင့် တယ်လို့ မြင်တယ်။ တချို့ကလဲ ခြိုးခြံချွေတာရေး ကို ယူရိုဘွန်းတွေ Eurobonds နဲ့ အစားထိုး သင့်တယ်လို့ ထောက် ပြကြတယ်။ ယူရိုဇုန်ရဲ့ ပြဿနာ ဟာ ယူရိုဇုန်တစ်ခုလုံးအတိုင်း အတာနဲ့ ပြောရင် အခြေအနေ သိပ် မဆိုးဘူး။ ယူရိုဇုန်တစ်ခုလုံးရဲ့ စုစုပေါင်း အဆင့်မှာ ယူရိုဇုန်ရဲ့ လက်ရှိကြွေးမြီတွေနဲ့ ယူရိုဇုန်ရဲ့ စုစု ပေါင်း နှစ်စဉ် ဘတ်ဂျက်လိုငွေပြမှု တွေဟာ ထိန်းရသိမ်းရ လွယ်ကူတယ်။ လောလောဆယ်ဖြစ်နေတဲ့ ပြဿနာက မညီမျှတဲ့ အကြွေးဖြန့်ကျက် မှုကြောင့် ဖြစ်တယ်။ ဒီကနေ့ အနေအထားနဲ့ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဟာ စပိန်နိုင်ငံကို ငွေချေးချင်ကြမှာမဟုတ်ဘူး။ ငွေချေး ငှားတယ်ဆိုရင်လဲ အတိုးနှုန်း ကြီးကြီး မားမားနဲ့ပဲ ချေးကြမယ်။ ဘာကြောင့် လဲဆိုတော့ စပိန်က ကြွေးမြီထူတယ်။ ပြန်မဆပ်နိုင်မှာ စိုးရိမ်ရတယ်။ ဒါ ကြောင့် အတိုးနှုန်း ကြီးကြီးမားမားနဲ့ပဲ စပိန်ကို ငွေထုတ်ချေးကြတယ်။ ဂျာမနီ နိုင်ငံဆိုရင် ရယ်စရာကောင်းလောက်အောင်လျော့နည်းတဲ့ ၁.၅ ရာခိုင်နှုန်း အတိုးနဲ့ ဈေးကွက်တွေက ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေ ဆီက ငွေချေးယူလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမနီ ဟာ အချိန်မရွေး ချေးငွေတွေကို ပြန် ဆပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြ တယ်။ ပြီးတော့ ဂျာမနီက အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးလို့ရတဲ့ အကြောင်း ရင်း နောက်တစ်ချက် ရှိသေးတယ်။ ယူရိုဇုန်ရဲ့ တောင်ဘက် အစွန်အဖျား နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ငွေရှင်ကြေး ရှင်တွေဟာ သူတို့ရဲ့ ငွေတွေကို ယူရို ဇုန်ရဲ့ မြောက်ဘက် အူတိုင်နိုင်ငံတွေ မှာ ရွှေ့ပြောင်း အပ်နှံထားကြတယ်။ အထူးသဖြင့်တော့ စိတ်ချရတဲ့ ဂျာမနီ လို နိုင်ငံတွေက ဘဏ်တွေမှာထားကြ တယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေရဲ့ ဘဏ်တွေမှာ ငွေတွေ အလျှံအပယ် ဖြစ်နေတော့ ဘဏ်တွေက အတိုးနှုန်း သက်သက်သာသာနဲ့ ငွေထုတ်ချေး ကြတယ်။ ဒီတော့ ယူရိုဇုန်တစ်ခုလုံးကို ခြုံ ငုံကြည့်ရင် ယူရိုဇုန်ရဲ့ တောင်ဘက် အစွန်းအဖျားနိုင်ငံတွေဖြစ်တဲ့စပိန်၊ ပေါ်တူဂီနဲ့ ဂရိနိုင်ငံတွေဟာ ကြွေးပိ နေတဲ့အပြင် ငွေချေးငှားပြန်တော့လဲ အတိုးကြီးကြီးပေးနေကြရတယ်။ ယူရိုဇုန်ရဲ့ မြောက်ဘက် အူတိုင်နိုင်ငံ တွေ ဖြစ်တဲ့ ဂျာမနီလို နိုင်ငံတွေမှာ ကျတော့ ကြွေးမြီလျော့နည်းတဲ့အပြင် ငွေချေးငှားရင်လဲ အတိုးနှုန်း မဖြစ် စလောက်နဲ့ ချေးယူလို့ရတယ်။ ဒါ ကြောင့် ယူရိုဇုန်အတွင်းမှာ ကြွေးမြီနဲ့ အတိုးဖြန့်ကြက်မှု မမျှမတမှု ဖြစ်နေ တယ်။ ဒါကို မျှတအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ အချို့က ထောက်ပြတယ်။ ဆိုကြပါစို့။ စပိန် အစိုးရဟာ သူ့ဘာသာသူ ကိုယ်ပိုင် ဘွန်းတွေ ထုတ်မရောင်းဘဲ ယူရိုဇုန် အဖွဲ့ဝင် ၁၇ နိုင်ငံက ကျောထောက် နောက်ခံ ပြုထားတဲ့ အာမခံ ငွေချေး စာချုပ်တွေ ထုတ်ရောင်းမယ်ဆိုရင် အတိုးနှုန်းသက်သက်သာသာနဲ့ ငွေ ချေးငှားလို့ရနိုင်တယ်။ စပိန်ရဲ့ ကြွေး မြီပြဿနာလဲ နေ့ချင်း ညချင်း ပျောက် ပျက်သွားနိုင်တဲ့အပြင် ခြိုးခြံချွေတာ ရေး လမ်းစဉ်ကိုလဲ တကူးတကကျင့် သုံးနေစရာမလိုတော့ဘူးပေါ့။ ဒါပေ မယ့် ဒီအစီအစဉ်ကို ဂျာမနီက စိတ်မ ဝင်စားဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအစီအစဉ်မှာ အဓိက တာဝန်ခံ ပေးရမယ့် နိုင်ငံက ဂျာမနီဖြစ်တယ်။ ပြီးတော့ ဒီအစီအစဉ်ကြောင့် ဂျာမနီ နိုင်ငံမှာ အတိုးနှုန်းတွေ မြင့်တက် လာနိုင်တယ်။ ဂျာမနီက စိတ်ဝင်စားတဲ့ အစီ အမံက လွန်ခဲ့တဲ့ မတ်လ အတွင်းက ဥရောပသမဂ္ဂ- European Union အဖွဲ့ဝင် နိုင်ငံများအားလုံး စောင့်စည်း လိုက်နာကြရမယ့် အခွန်ဘဏ္ဍာ သဘောတူညီချက်- Fiscal Compact တစ်ရပ် တရားဝင် ပြဋ္ဌာန်းခဲ့မှု ဖြစ် တယ်။ အဲဒီသဘောတူညီမှုဟာ အဖွဲ့ဝင် နိုင်ငံတိုင်း ဘတ်ဂျက်ဘက် ညီမှု- Balance Budget ရှိရေးကို ဦး တည်တယ်။ လာမယ့်နှစ်ကစပြီး သက်ရောက်မှုရှိနိုင်တယ်။ ဒါပေမယ့် ဒီအခွန်ဘဏ္ဍာ သဘောတူညီချက်ကို အဖွဲ့ဝင် ၂၅ နိုင်ငံ ကသာ အတည်ပြု ပေးခဲ့ကြပြီး ဗြိတိန်နဲ့ ချက်သမ္မတ နိုင်ငံတွေက လက်မှတ်ရေးထိုးကြ ခြင်း မရှိသေးဘူး။ ဂျာမနီ ဝန်ကြီးချုပ် ဒေါက်တာ မာကယ်ရဲ့ အမြင်မှာ ကြွေးပိနေကြ တဲ့ နိုင်ငံတွေဟာ အရမ်းကာရော ငွေ သုံးစွဲခဲ့ကြတဲ့အတွက် အခုလို ကြွေးပိ နေကြခြင်းဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် ခြိုးခြံချွေတာရေး လုပ်ကြ ဖို့လိုတယ်။ ဝင်ငွေနဲ့ သုံးစွဲငွေ မျှတ အောင် ဒါမှမဟုတ် ဘက်ညီအောင် လုပ်ကြရမယ်။ အခြားတစ်ဘက် ကလဲ ကြွေးမြီတွေကို ပြန်ဆပ်နိုင် အောင် ကုန်စည်နဲ့ ဝန်ဆောင်မှု ပိုမို ထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့ ရောင်းချ နိုင်အောင် ဆောင်ကြဉ်းကြရမယ်။ ဒီအတွက် ဈေးကွက်မှာ ယှဉ် ပြိုင်နိုင် စွမ်းလဲ ရှိဖို့လိုတယ်။ ဒါက သဘော တရား အမြင်သက်သက်ဖြစ်တယ်။ ပြဿနာက လက်တွေ့ ကျင့်သုံးဖို့မလွယ်ဘူး။ ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်ဆိုတာက အစိုးရရဲ့ အသုံး စရိတ်တွေ ဖြတ်တောက်လျှော့ချရ တယ်။ ဒါကြောင့် အလုပ်လက်မဲ့တွေ တိုးပွားလာတယ်။ ပြီးတော့ အစိုးရ က အခွန်တိုးကောက်ရ တယ်။ ဒါ ကြောင့် အသေးစားလုပ်ငန်းတွေ အခွန် မပေးဆောင်နိုင်ကြလို့ လုပ်ငန်းတွေ ပိတ်သိမ်းခဲ့ကြရတယ်။ ဒီလို အခြေအနေမှာ ကုန်စည်နဲ့ ဝန်ဆောင်မှု တိုးတက်ထုတ်လုပ်ဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ဒီတော့ ခြိုးခြံချွေတာရေး လမ်းစဉ်နဲ့ တိုင်းပြည် မတိုးတက် နိုင်ဘူး။ ဒါက သေချာတယ်။ ''ခြိုးခြံချွေတာရေးကို ဇာတ် သိမ်းပစ်မယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့တဲ့ ပုဂ္ဂိုလ်က ပြင်သစ်သမ္မတ သစ် ဟော် လန်ဒေးပါ။ သူက ဥရောပရဲ့ အခွန် ဘဏ္ဍာ သဘောတူညီချက်- Fiscal Compact ကို ပြန်လည်ဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်။ သူက ဒီသဘော တူညီမှုဟာ ယူရိုဇုန် တည်ငြိမ်ရေး အတွက် အလွန်အရေးပါ အခရာကျ တယ်လို့မြင်တယ်။ တကယ်လို့ သူရဲ့ တောင်းဆိုချက်ကို ဂျာမနီ ဝန်ကြီးချုပ် က မလိုက်လျောရင် သဘောတူညီ ချက်ပျက်ပြားအောင် လုပ်မယ်လို့ သူက ခြိမ်းခြောက်ထားတယ်။ ဂျာမနီ နိုင်ငံဟာ ဥရောပတစ်ခုလုံးအတွက် ဆုံးဖြတ်ချက်တွေ မချသင့်ဘူးလို့ သူက ထောက်ပြတယ်။ မေလ ၁၅ ရက်နေ့ သူ သမ္မတ ရာထူး လွှဲပြောင်း ရယူပြီးနောက် မာကယ်နဲ့ သွား ရောက် တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာထားတယ်။ ဟော်ဒေးဟာ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို အကြောင်းမဲ့ ဆန့် ကျင်နေတာတော့မဟုတ်ပါဘူး။ မဲ ဆန္ဒရှင်တွေဟာ စီးပွားရေး ကျဆင်း နေမှုကြောင့် အလုပ်အကိုင်မရှိဖြစ် ကာ စိတ်ကုန်နေကြပြီ။ ဒါကြောင့် သူသမ္မတ ဖြစ်လာပြီးတဲ့ နောက်မှာ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝန် ကြီးတွေရဲ့ လစာကို ၃ဝ ရာခိုင်နှုန်း လျှော့ချပြီး စက်တင်ဘာလ ကျောင်း တွေ စဖွင့်ချိန်မှာ လူမှုဖူလုံရေး ထောက်ပံ့ငွေကို ၂၅ ရာခိုင်နှုန်း တိုး မြှင့်ပေးမယ်လို့ ကြေညာခဲ့တယ်။ ကုမ္ပဏီကြီးတွေကို အခွန်တိုး ကောက်မယ်။ ကျောင်းဆရာ အလုပ် ၆ဝဝဝဝ လောက် တိုးမြှင့်ခန့်ထား မယ်။ အငြိမ်းစားယူရမယ့် အသက် အရွယ်ကို ၆ဝ ပြန်လည်သတ်မှတ် မယ်။ အနိမ့်ဆုံးလစာငွေကိုလဲ တိုး မြှင့်သတ်မှတ်သွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့တယ်။ ယူရိုဇုန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးအခေါ်ကတော့ ဥရောပ ရင်း နှီးမြှုပ်နှံမှုဘဏ်- European Investment Bank FIB ရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ချဲ့ကားချင်တယ်။ ဥရောပ နိုင်ငံများရဲ့ အခြေခံ အဆောက်အအုံ နဲ့ စွမ်းအင်မှာ ရင်းနှီးမြှုပ်နှံရေး အတွက်ဥရောပဘွန်းတွေ Eurobonds ထုတ်ဝေစေချင်တယ်။ ဘဏ္ဍာ ရေး အရောင်းအဝယ်ကိစ္စတွေကို အခွန်ကောက်ခံလိုတယ်။ ပြီးတော့ ဥရောပ တည်ဆောက်ရေး ရန်ပုံငွေ တွေကို အကျိုးရှိရှိ အသုံးပြုစေလို တယ်။ ဒါပေမယ့် ဟော်လန်ဒေးရဲ့ အိပ် မက်တွေ တကယ်ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားပါ။ ဘာကြောင့်လဲဆို တော့ ပြင်သစ်နိုင်ငံမှာလဲ အြေ<ွကး က အမေရိကန် ဒေါ်လာ ၂.၂ ထရီလီယံလောက် ရှိတယ်။ ပြီးတော့ လာမယ့်နှစ်မှာ ဘတ်ဂျက်ကို ဂျီဒီပီ ရဲ့ သုံးရာခိုင်နှုန်းအထိ လျှော့ချပေး ရမယ့် သဘောတူညီချက်ကလဲ ရှိ သေးတယ်။ ဒီလိုငွေပြမှု သတ်မှတ် ချက်ကို ပြည့်မီဖို့အတွက် တောင် ပြင်သစ်နိုင်ငံအနေနဲ့ နောက်ထပ် အမေရိကန် ဒေါ်လာ ၂၆ ဘီလီယံ လောက် လိုက်လံရှာဖွေဖို့ လိုနေသေး တယ်။ ဒီလိုအခြေအနေမှာ ဟော်လန် ဒေးက လာမယ့်နှစ်မှာ ပြင်သစ်နိုင်ငံ ဟာ ၁.၇ ရာခိုင်နှုန်းနဲ့ တိုးတက်ရ မယ်လို့ ကြုံးဝါးနေလိုက်သေးတယ်။ လောလောဆယ်မှာယူရိုဇုန်နဲ့ ပတ်သက်ပြီး အရေးကြီးဆုံးကတော့ ဂရိပြဿနာဖြစ်ပါတယ်။ ဂရိနိုင်ငံဟာ ၂ဝဝ၉ ခု လောက်ကစပြီး ခြိုးခြံချွေ တာရေးတွေ လုပ်ခဲ့ပေမယ့် တစ်နေ့ ထက်တစ်နေ့ ဆင်းရဲတွင်း နက်သ ထက် နက်လာတာပဲရှိတယ်။ ဂရိ ပြည်သူတွေ ခြိုးခြံချွေတာရေး အစီ အစဉ်တွေကို လက်မခံကြတော့ဘူး။ ယူရိုဇုန်က နုတ်ထွက်ချင်နေကြပြီ။ နိုင်ငံရေးပါတီ အချို့ကလဲ ပြည်သူ တွေရဲ့ အသံနောက်လိုက်ပြီး သူတို့ ပါတီ အနိုင်ရရင် ယူရိုဇုန်က နုတ် ထွက်မယ်လို့ြေ<ွကးကြော်မဲဆွယ် စည်းရုံးနေကြတယ်။ ဒါကြောင့်ဂရိနိုင်ငံဟာ ယူရိုဇုန် က နုတ်ထွက်မယ့် အလားအလာ ပိုများလာတယ်။ ဂရိနုတ်ထွက်မယ် လို့ အဓိပ္ပာယ် ရတွဲ့မနထငအ ဝေါဟာရ သစ်တစ်ခုတောင် အခုတလော ဥရောပမှာ ရေပန်းစားနေတယ်။ ဂရိ နိုင်ငံသာ ယူရိုဇုန်က နုတ်ထွက်သွား ခဲ့ရင် ဂရိနိုင်ငံအတွင်း ကသောင်း ကနင်းဖြစ်နိုင်သလို ကျန်ယူရိုဇုန် နိုင်ငံတွေကိုလဲ အကြီးအကျယ် ဂယက်ရိုက်ခတ်နိုင်တယ်။ ဒီတော့ဂရိနိုင်ငံလဲ ယူရိုဇုန်က မထွက်သွားရအောင် ခြိုးခြံချွေတာ ရေး အစီအစဉ်တွေကို ဂျာမန် ဝန် ကြီးချုပ် မာကယ်အနေနဲ့ ပြန်လည် စဉ်းစားသင့်တယ် ဒါမှမဟုတ် ဟော် လန်ဒေးပြောသလို ဖွံ့ဖြိုးရေး အစီ အမံတွေနဲ့ တွဲဖက်လုပ်ဆောင်ဖို့ လို လာတယ်လို့ ပြောဆိုနေကြတယ်။ ဥရောပရဲ့ ဘဏ္ဍာရေး အစီအမံ တွေကို ပြန်လည် ထုဆစ်ပုံဖော်ရေး ဟာ ယူရို ရှင်သန်ရေးအတွက် မဖြစ် မနေ အဆောတလျင် ဆောင်ကြဉ်း ကြရမယ့် အချက်ဖြစ်တယ်လို့ လေ့ လာ အကဲခတ်သူတွေက ထောက်ပြ ဝေဖန်နေကြပါပြီ။ မင်းရွှေမောင်
Ref: 1. The Economist: May 19, 2012.
2. The Straits Times: May 9, 2012.မင်းရွှေမောင် |
Friday, July 6, 2012
ယူရိုဇုန်ထဲက ခြိုးခြံချွေတာ ဆန့်ကျင်ရေးစိန်ခေါ်သံများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment