Thursday, December 6, 2012

"ကမ္ဘာ့ အကျင့်ပျက်ခြစားမှု အများဆုံး ငါးနိုင်ငံတွင် မြန်မာပါဝင်နေဆဲဖြစ်"


ကမ္ဘာတစ်ဝန်းရှိအကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်လေ့လာနေသော Transparency International အဖွဲ့ကြီးမှ ၂၀၁၂ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုဆိုင်ရာစာရင်းကိုထုတ်ပြန်လိုက်ရာ ... မြန်မာနိုင်ငံ သည် နံပါတ် ၁၇၂ နေရာတွင်သာရှိနေသေးကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုတေသနပြုစစ်တမ်းကောက်ယူထားရာ အကျင်းပျက်ခြစားမှု အနည်းဆုံး နိုင်ငံအဖြစ် ဒိန်းမတ်၊ ဖင်လန်နှင့် နယူးဇီလန် နိုင်ငံတို့က နံပါတ် ၁ နေရာရခဲ့သည်။စင်ကာပူနိုင် ငံမှ နံပါတ် ၅ နေရာချိတ်ပြီး၊ မလေးရှားမှ နံပါတ် ၅၄၊ တရုတ်မှာ နံပါတ် ၈၀၊ ထိုင်းမှာ နံပါတ် ၈၈၊ အိန္ဒိယ မှာ နံပါတ် ၉၄ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား နှင့် ဆိုမာလီ တို့ဖြစ်ပြီးနံပါတ် ၁၇၄ ဖြစ်ကာ၊ ဆူဒန်နိုင်ငံမှ နံပါတ် ၁၇၃ ဖြစ်ကြောင်းသိရသည်။ နံပါတ် ၁၇၂ ဖြစ်သည့် မြန်မာနိုင်ငံမှာကမ္ဘာ့ အကျင့်ပျက်ခြစားမှု အများဆုံး ငါးနိုင်ငံတွင်ပါဝင်နေဆဲဖြစ်ကြောင်းသိရသည်။

ref: Transparency International
popular myanmar news journal

မန္တလေးတွင် ထိုင်သပိတ် စတင်


မန္တလေး၊ဒီဇင်ဘာလ ၆။

                            လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပက်သက်ပြီးမန္တလေး၊ရန်ကုန်အပါအ၀င်အခြား ဒေသအသီးသီးမှ သံဃာတော်များက ထုတ်ပြန်ချက်အသီးသီးထုတ်ပြန် ခဲ့ပြီး ၅ ရက်အတွင်း ထူးခြားမှုမရှိသောကြောင့် ယနေ့ နေ့လယ် ၁ နာရီတွင် မန္တလေး၌ ထိုင်သပိတ်စတင်မည်ကြောင်း
သိရသည်။

နိုင်ငံတော်အစိုးရသို့ အထက်ဗမာပြည်သံဃာတော်များမှ လက်ပံတောင်းတောင်အကြမ်းဖက်နှိမ်နင်းမှုနှင့်ပက်သက်၍ တောင်းဆိုမှုများပြုခဲ့သော်လည်း ၅ ရက်လွန်သည်အထိ ထူးခြားခြင်းမရှိသောကြောင့် စတင်ခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့စတင်သည့် ထိုင်သပိတ်တွင် တောင်းဆိုချက် ၅ ချက်ပါဝင်ပြီး နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသော သံဃာတော်များကို အမြန်ဆုံးဝန်ချတောင်းပန်ရန်၊အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန် ရှိသောသူများအား ထိရောက်စွာ အရေးယူရန်၊ကြေးနီစီမံကိန်းကြောင့် ဖမ်းဆီးထားသူများကိုချက်ခြင်းပြန် လွှတ်ပေးရန်၊ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်၊ နှင့် ဒီမိုကရေ အစိုးရစစ်စစ်တစ်ရပ်ပေါ်ပေါက်လာရန် အချက်များအပါအ၀င် ယခုကဲ့သို့အကြမ်းဖက်မှုများ နောက်နောင်မပေါ်ပေါက်စေရန်အတွက်လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် ပါဝင်လျက်ရှိသော တပ်မတော်သားများအား အမြန်ဆုံးနုတ်ထွက်ပေးရန် ပါရှိသည်။

မန္တလေးရှိ သံဃာတော်များ ထိုင်သပိတ်ဆင်နွဲနေသည့် အချိန်အတွင် ရန်ကုန်နှင့် တောင်ကြီးမြို့ရှိ ဆရာတော်၊သံဃာတော်များကလည်း ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်နိုင်

myanma age

Friday, November 30, 2012

ရန်ကုန်ဆန္ဒပြသံဃာများ အချက်ငါးချက်တောင်းဆို

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၇ မိနစ်

ရန်ကုန်မြို့ ဆူးလေရှိ မြို့တော်ခန်းမရှေ့တွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုတွင် ဆန္ဒပြသံဃာများက အချက်ငါးချက်ကို တောင်းဆိုလိုက်သည်။

ထိုငါးချက်မှာ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချွင်းချက်မရှိ ချက်ချင်းရက်ရန်၊ ထိုဒေသတွင် မီးလောင်ဗုံးများဖြင့် ရဟန်းနှင့် ပြည်သူများအား အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူပေးရန်၊ မီးလောင်ဗုံးထိမှန်သော ရဟန်း၊ပြည်သူများအား အစိုးရမှ အန္တရယ်ကင်းသည်အထိ တာဝန်ယူ ဆေးကုသပေးရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရပ် နိုဝင်ဘာ ၂၆ရက်နေ့က ဆူးလေတွင် ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် အဖမ်းခံရသော  ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု နှင့် အခြားသူများအား ချွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန်၊ ၀မ်ပေါင်ကုမ္ပဏီ ချက်ချင်းထွက် စသောအချက်များဖြစ်သည်။

ထိုအချက်များကို သမ္မတဦးသိန်းစိန်မှ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုထားပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်ခြင်းမရှိပါက သမ္မတရာထူးမှ ထွက်ပေးရန်လည်း တောင်းဆိုကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သော မကွေးစာသင်တိုက် (ဒဂုံအရှေ့ပိုင်း)မှ အရှင်ပါမေက္ခက မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်မှုကို ယနေ့ညနေ ၄နာရီမှ ၅နာရီ ၄၉မိနစ်အထိ ရန်ကုန်မြို့ ဆူးလေ မြို့တော်ခန်းမရှေ့တွင် သံဃာ အပါး ၅၀ကျော်နှင့် လူ၂၀ခန့်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဖော့စဖိတ် phosphorus အကြောင်း ......



ဖော့စဖိတ် phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူ အနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ခြင်းကိုဖြစ် ပေါ်စေပါသည်

   ယင်း ဓာတုဗေဒ ဓာတ်ကြောင့် ရေနှင့် ထိပါက အသားပိုပြဲကာ ပိုမိုပြင်းထန်မှု့ ကိုဖြစ်ပေါ်စေပါတယ် ။ ပထမဦးစွာ ရေနဲ့ ပတ်ဖြန်းထားမယ် ပြီးတော့ ဖော့စဖိတ်ဓာတ်ပါဝင်သော အရာကို အသုံးပြု့ လိုက်ပါက ပိုမိုပြင်းထန်စေခြင်းကို ဖြစ်ပေါ်စေပါတော့သည်။
...

  ဌင်းဓာတုအရည်ထိမှန်ခံစားရသူကို သေရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲ ဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများ ဖြစ်ပေါ်စေရုံတွင် မကဘဲ အဆုပ်ကိုပါ ထိ ခိုက်နိုင်သလို လူသားတွေရဲ့  အပေါ်ယံအရေပြားတွင်သာမန်ရောဂါပိုးဝင်ရောက်နိုင်ခြင်း မရှိစေရန် ကာ ကွယ်မှုပေးသော အရေပြားများ ပျက်ဆီးသွားသည့် အ တွက် နောင်နောင်တွင် ရောဂါအမျိုးမျိုး လွယ်လင့် တကူ ကူးစက်ဝင်ရောက်ခံရနိုင်ပါသည် ။

အေးချမ်းမွန်မှ Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Mg Mandalay
အေးချမ်းမွန်မှ

ရက်စက်ခြင်းများ....ကမ်းရယ်လေကုန်((( လူသားစိတ်ထားပေးပါ ....သမ္မတ ကြီး)))

        ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။
      အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။
   တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် ဘာသာသာသနာကို စောင့် ရှောက်သင့်ပါတယ်။
    ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့တဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ ဒီလိုလုပ်ဖို့ အလုပ်တာဝန်အရအမိန့် ပေးနေရင်တောင်....လူဖြစ်နေတဲ့ အ တွက်...ပိုပြီးမလုပ်သင့်ပါဘူး။ 
    ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တ ရားပါ။ ထားကောင်း ပါတယ်။ ထားသင့်ပါတယ်။
   အခုလို မီးနဲ့ ရှို့ တိုက်ရပါသလား((( လူသားစိတ်ထားပါ ....သမ္မတ ကြီး)))((( လူသားစိတ်ထားပါ ....သမ္မတ ကြီး)))


တကယ်လို့သာ ဒီနေရာမှာ သူတို့ တွေမဟုတ်ဘဲ ကျနော်ဖြစ်ခဲ့ ရင်ကော.. ဒီလူတွေ လို ဒီလိုလုပ်ရဲ ပါ့မလား။
   စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။
     နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့။
ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။ သာသာနာရဲ့ သားတော်ကိုဖျက်ဆီးဟာ..ကိုယ့်မိခင်ဖခင်ကို မီးနဲ့ ရှို့ နေတာနဲ့ တူတူပါဘဲ...။
ပြည်သူတွေ ကျွေးတြ့ ထမင်းကို စားပြီး..ပြည်သူနြ့ မိခင်ဖခင်နဲ့ တူသူကိုစော်ကားနေတာ....
မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင် အဓိပါယ်ရှိတဲ့ အလုပ်ကို လုပ်ပါ။
တပ်မတော်သား တွေထဲမှာလည်း လူသားထဲက လူသား တွေပဲမို့ ဘယ်ဟာ မှန်တယ် ဘယ်ဟာ မှားတယ် ဆိုတာ ခွဲခြားနားလည်းတဲ့ လူသားစိတ် တွေအများကြီး ရှိနေပါတယ်။

ကျေးဇူးပြု၍ … ကိုယ် မိသားစု ပတ်ဝန်းကျင် မိတ်ဆွေ တွေထဲက.. စစ် မူထမ်း အရာထမ်းေ တွကို
ဒီလို လူသားချင်း ရက်ရက်စက် စက် ..လက်နက် ချင်း မညီ.. တဖက်သတ် ..ပစ်သတ်ရက်တာ..
မတရား တဲ့ အမိန့် တွေကို မျက်စိမှိတ်ပီး လိုက်နာ နေတာ … မဖြစ်သင့်ပါဘူး။
တခု ခု တော့ စဥ်းစားပေးကြပါလို့ .. ..ဖုန်းခေါ် မေးမြန်းရင်း..သူတို့ရဲ့ အမြင်မှန် ဆန္ဒမှန်တွေကို ..ထုတ်ဖော် ပွားများပေးကြပါလို့။((( လူသားစိတ်ထားပါ ....သမ္မတ ကြီး)))

Credit ...ပုံများကို Eleven Media Group မှယူသည်။

 Mg Mandalay မှကူးယူဖော်ပြပါသည်။

မီးလောင်ဗုံး မသုံးဘူး

အကြမ်းဖက်မှုကြောင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံး ရဲတပ်ဖွဲ့ မှ ပြန်လည်တာဝန်ယူမယ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့
မှုအတွက် သက်ဆိုင်ရာလုံခြုံရေးရဲတပ်ဖွဲ့က အစစအရာရာ ပြန်လည် တာဝန်ယူမည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးကြီး သူရသွင်ကိုကို တွေ့ဆုံစဉ် သူရလွင်ကိုကိုက
ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သပိတ်စခန်း(၆)ခုတွင် လူဦးရေ ၈၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး
မုံရွာပြည်သူ့ဆေးရုံတွင် ၂၀ ဦးခန့်သာ တက်ရောက်ကုသမှုယူလျက်ရှိကြောင်းသိရသည်။

“ကျနော်တို့နဲ့တော့ သူရသွင်ကိုကို တို့တွေ့ခွင့်မရပင်မယ့် ဒေါ်စုနဲ့ကျနော်တို့တွေ့တုန်းက ဒေါ်စုက
ပြောတာပါ။အစစအရာရာအားလုံးကို သူတို့ရဲတပ်ဖွဲ့က တာဝန်ယူမယ်လို့ပြောတယ်” ဟု ဒေါ်အောင်
ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိခဲ့သော တုံရွာသစ်မှ ကိုအောင်သန်းမျိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့ရှိ ၄င်းတည်းခိုရာ ၀င်းယူနတီ ဟိုတယ်တွင် ရဲတပ်ဖွဲ့မှ တာဝန်
ရှိသူများ၊ ဒေသခံပြည်သူများနှင့် ၀မ်ပေါင်ကုမ္ပဏီရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

“ဒေါ်စုက သက်ဆိုင်ရာကို ဒီအကြမ်းဖက်မှုအတွက် ပြန်တောင်းပန်ခိုင်းတယ်၊နောက်ပြီး ဒီကိစ္စကို
ပြည်သူတွေ အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးပါ့မယ်လို့ပဲပြောခဲ့ပါတယ်
၊ဒီကပြည်သူတွေ ကတော့ တောင်းပန်ရုံနဲ့တော့ ဘယ်သူမှ မကျေနပ်နိုင်ကြဘူး” ဒေသခံတစ်ဦးဖြစ်သော
ဦးကိုလတ် ကပြော ကြားသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများသည် ၁၃ ရက်မြောက်နေ့တွင် အကြမ်းဖက်ဖြိုခွင်းခြင်းခံရ
ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စတင်
စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။
စူးရှ
The Myanma Age